သတင်းများ

ဇလွန်မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်၌ တာဝန်ထမ်းဆောင်နေသူ (၁၇၁)ဦးအတွက် ဆန်ရိက္ခာ လှူဒါန်း
Sep 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဇလွန်မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်၌ တာဝန် ထမ်းဆောင်နေသူ (၁၇၁)ဦးအတွက် ဆန်ရိက္ခာလှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လိပ်သို - ရှမ်းလယ်ပြင်လမ်းပေါ်ရှိ တံတားငယ်လေးများ တည်ဆောက်ပြီးစီးပြီဖြစ်၍ လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေ
Sep 23,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နှင့် ရှမ်းလယ်ပြင်ကျေးရွာသို့ ဆက်သွယ်ဖောက်လုပ်ထားသော အရှည် (၁၆) မိုင်ရှိ မြေနီလမ်းတွင် ရေပြွန်တံတားငယ် (Box Culvert) များတည်ဆောက်ပြီးစီးပြီဖြစ်၍ ရှမ်းလယ်ပြင်ကျေးရွာနှင့် အနီး၀န်ကျင်ကျေးရွာများမှ ပြည်သူများ သွားလာရေးနှင့် ကျေးရွာအတွက် ကုန်များသယ်ပို့ရာတွင် ယခင်ကထက် လမ်းပန်းဆက်သွယ်ရေး ပိုမို အဆင်ပြေလျက် ရှိကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင်ပုံမှန်ဝင်​ငွေမရှိသည့်အ​ခြေခံလူတန်းစားများအား​ထောက်ပံ့​ငွေ​ပေးအပ်
Sep 23,2020
ပဲခူးခရိုင်၊​ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်​ငွေမရှိသည့်အ​ခြေခံ လူတန်းစား များအား တစ်အိမ်​ထာင်ကျပ်နှစ်​သောင်း​ထောက်ပံ့ခြင်းကို စက်တင်ဘာ(၂၃)ရက်နံနက်ပိုင်းက ရပ်ကွက်/​ကျေးရွာအုပ်ချုပ်​ရေးမှူးရုံးများတွင်ပြုလုပ်ခဲ့သည်။
မြင်းမူမြို့တွင် ပဥ္စမနှစ် မြစိမ်းရောင်လည်ပတ်ရန်ပုံငွေများ လက်ဝယ်အရောက် လိုက်လံထုတ်ချေးပေး
Sep 23,2020
ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားအိမ်တွင်းမှုလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရာတွင်၊ မြစိမ်းရောင်မတည်ရင်းနှီးငွေအဖြစ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများအားထုတ်ချေးပေးလျက်ရှိရာ ၊ ယမန်နေ့ က စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်ရွှေကျောင်း ကန်ကျေးရွာရှိ မြစိမ်းရောင်အသင်းဝင်များထံ၊ လက်ဝယ်အရောက် လိုက်လံထုတ်ပေးခဲ့ ကြောင်း သိရှိရသည်။
ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချူပ်ရေးအတွက် နှာခေါင်းစည်း (Mask)များကို ပြည်သူများသို့ အခမဲ့ဖြန့်ဝေ
Sep 23,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ နှင့် အရန်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးတို့မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်တားဆီးနိုင်ရေးအတွက် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေကာ အသိပညာပေး ခြင်းလုပ်ငန်းများကို ယမန်နေ့ ညနေပိုင်းမှ ညပိုင်း(၈)နာရီအထိ မြောက်ကွက်သစ်ရပ်ကွက်၊ မြို့လယ်နာရီစင်အနီးတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုဝိုင်းလွတ်မြို့၌ တောင်ယာစပါးများကို ကြွက်ဖျက်စီးမှုဖြစ်ပွား
Sep 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ မိုဝိုင်းလွတ်မြို့ရှိ တောင်ယာစပါးများကို ကြွက်များ ဖျက်စီးနေကြောင်း တောင်သူများ၏ အကြောင်းကြားချက်အရ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့က စက်တင်ဘာလ ယနေ့နံနက် ၉ နာရီ အချိန်တွင် တောင်သူ ဦးဆဲလ်လား တောင်ယာသို့ သွားရောက်ကွင်းဆင်းခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကို ကျိုက်မရောမြို့နယ်၌ မဲရုံပေါင်း (၉၈)ရုံ ဖြင့်ကျင်းပသွားမည်
Sep 23,2020
မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ၈ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဲရုံပေါင်း (၉၈)ရုံ ဖြင့်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး လုံခြုံရေးအရ ရွေးကောက်ပွဲမကျင်းပနိုင်သောရပ်ကွက်/ကျေးရွာအုပ်စုမရှိကြောင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံးမှ သိရသည်။
ဖြူးမြို့နယ်တွင်Cash For Work စီမံကိန်းဖြင့်ဆောင်ရွက်သော လုပ်ငန်းများအားစစ်ဆေး
Sep 23,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ၂၀၁၉-၂၀၂၀ခုဘဏ္ဍာရေးနှစ် လင်းယောခင် ကျေးရွာနှင့် စီအိုပူကျေးရွာတို့တွင် Cash For Work စီမံကိန်းဖြင့်ဆောင်ရွက်သော ကျောက်ရောမြေလမ်းခင်းခြင်းလုပ်ငန်းများအား စက်တင်ဘာလ (၂၃) ရက်နေ့နံနက် (၁၀)နာရီ တွင် ကွင်းဆင်းစစ်ဆေးကြည့်ရှုစစ်ဆေးခဲ့ပါသည်။