ဒေးဒရဲ ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တော်လှကျေးရွာအုပ်စုနှင့် ကျုံဒူးဒါးမလိမ်း ကျေးရွာအုပ်စုများတွင် ဇွန်လ ၁၇ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ထိခိုက်ပျက်စီးခဲ့သူများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယမန်နေ့ ညနေ ၂နာရီက ကယ်ဆယ်ရေး ပစ္စည်းများနှင့် ရန်ပုံငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ကယ်ဆယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုဝင်းတို့က တော်လှကျေးရွာအုပ်စု ခမီကျေးရွာနှင့် ကျုံဒူးဒါးမလိမ်း ကျေးရွာအုပ်စု ကျုံဒူးကျေးရွာတို့ရှိ လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်း၊ ပြိုကျနေအိမ်(၂)အိမ်၊ ထိခိုက်နေအိမ်(၂)အိမ်တို့ရှိ လူဦးရေ (၁၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ ပုံး(၂)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၅၀၀၀ဝိ/-)၊ ဆန်ရိက္ခာ (၇)ရက်စာ (၂၉၄၀ဝိ/-)၊ စုစုပေါင်းတန်ဖိုးငွေ(၃၇၉၄၀ဝိ/-)အား လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ခိုင်