ပုဗ္ဗသီရိ ဇွန် ၂၂
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ အမျိုးသမီးများအပေါ် အကာအကွယ်ပေးထားသော ဥပဒေများအကြောင်း Talk Show ကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်း၊ စာရေးဆရာမ ဒေါ်သက်သက်နွယ်နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးတို့မှ အမျိုးသမီးများအပေါ် အကာအကွယ်ပေးထားသည့် ဥပဒေများအကြောင်း၊ အမျိုးသမီးများကို ကိုယ်ထိလက်ရောက်သော်လည်းကောင်း၊ နှုတ်ဖြင့်သော်လည်းကောင်း၊ ကိုယ်အမူအရာဖြင့်သော်လည်းကောင်း၊ ကာယိန္ဒြေပျက်အောင် မထီမဲ့မြင်ပြုခြင်းများအပေါ် အရေးယူဆောင်ရွက်နိုင်သည့် ဥပဒေများအကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှုအပေါ် ဥပဒေအရ လုပ်ဆောင်နိုင်သည့်အချက်များ၊ Online မှတစ်ဆင့် ခြိမ်းခြောက်ငွေညှစ်ခြင်းများအပေါ် ဥပဒေအရလုပ်ဆောင်နိုင်သောအချက်များနှင့် ကာကွယ်ပေးထားသည့် ဥပဒေများအကြောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သန္တာလင်း (မြို့နယ်ပြန်/ဆက်)