နောင်တရားမြို့၌ ဝန်ထမ်း သား၊သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်

နောင်တရား   ဇွန်    ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ နောင်တရားမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်း သား၊ သမီးများကို ယနေ့နံနက်ပိုင်းတွင် ပညာသင်ထောက်ပံ့ ကြေးပေးအပ်သည်။

အခမ်းအနားတွင် နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းတက်နေသည့် မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း သား၊ သမီး အခြေခံပညာမူလတန်းအဆင့် (၅) ဦး၊ အခြေခံပညာအထက်တန်းအဆင့်(၁)ဦး၊ တက္ကသိုလ်အဆင့် (၁)ဦး စုစုပေါင်း(၇)ဦးကို မြို့အုပ်ချုပ်ရေးမှူးက စာရေးကိရိယာများနှင့် ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)