သတင်းများ

လင်းခေးခရိုင်လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများ အသင်း စာဖတ်ဝိုင်း ဆောင်ရွက်
Jun 22,2021
စာပေဖတ်ရှုလေ့လာသူများနှင့် အများပြည်သူတို့ စာပေဗဟုသုတများ အစဉ်တစိုက်လေ့လာလိုစိတ်များ စဉ်ဆက်မပြတ်ရှင်သန်လာနိုင်စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်လာ‌စေရေးတို့ကို ရည်ရွယ်လျက် ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူအသင်းဝင်များဖြင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ
Jun 22,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆောင်ရွက်
Jun 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်(၁၀:၀၀)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဘားအံမြို့နယ်၌ အစိုးရနိကာယ်(ဝိဒူတန်း)စာမေးပွဲတွင် စာဖြေသံဃာနှင့် သီလရှင်(၃၁)ပါး ဝင်ရောက်ဖြေဆို
Jun 22,2021
ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ်(၅)ရပ်ကွက် တောင်တန်းသာသနာပြုကျောင်းတွင် အစိုးရနိကာယ်(ဝိဒူတန်း) စာမေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်‌ဝေ
Jun 22,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကာလိမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀)နာရီ အချိန်က ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆေး နှင့် ဝန်ထမ်းများက စာသင်ကျောင်းများရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ကာလိမြို့နေ ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး
Jun 22,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သော ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း နှင့် ကျေးရွာခန်းမဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းများမှာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ် ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မိုးညှင်းမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 22,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်(၁၁)နာရီက နားခါရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ဖြန့်ဝေပေး ခဲ့သည်။
သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ပြန်လည်ဖွင့်လှစ်ကာ ဓမ္မာစရိယတန်းနှင့် ပါဠိပထမပြန်တန်း စာပေများ သင်ကြားပေးမည်
Jun 22,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ မင်းကျောင်း ပထမပြန် စာသင်တိုက်တွင် (၁၃၈၃) စာသင်နှစ်အား ရှေးယခင်နှစ်များနည်းတူ ပြန်လည်ဖွင့်လှစ်ကာ စာသင်သား ရဟန်းနှင့် သာမဏေ သံဃာတော်များအား ဓမ္မာစရိယတန်းနှင့် ပါဠိပထမပြန်တန်း စာပေများအား သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။