ပခုက္ကူ ဇွန် ၂၂
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ထွန်ယက်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တိရစ္ဆာန်အစားအစာ ရရှိရေးသင်တန်း ကို ယမန်နေ့ နံနက် ၉ နာရီက ပေါက်မြို့နယ် ငမိုးကြီးကျေးရွာ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေး သန့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းကိုက စိုက်ပျိုးရေးဆိုင်ရာများနှင့် မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာစိန်ဝင်းက တိရစ္ဆာန်အစားအစာ နေပီယာမြက် စိုက်ပျိုးရေး အကြောင်းတို့ကို ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ခရိုင်ဦးစီးမှူး ဒေါက်တာမြင့်ဦးနှင့်အဖွဲ့သည် ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်တို့၌ ဖွင့်လှစ်သည့် သင်တန်းများတွင် နွားစာချဉ်ဖတ်ပြုလုပ်နည်းနှင့် မြက်စိုက်ပျိုးနည်း အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးပြီး နေပီယာမြက် လက်တွေ့စိုက်ပျိုးနေမှုနှင့် စိုက်ပျိုးပြီး မြက်စိုက်ခင်းများအား ကြည့်ရှုကြသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို ရက်သတ္တပတ်ကြာ ဖွင့်လှစ်ပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။
ဇော်(အဝေးသင်)