သတင်းများ

ဖလမ်း၌ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း မိန်းကလေးငယ်များအား အိတ်ချ်ပီဗီ (သားအိမ်ခေါင်းကင်ဆာ) ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံမည့်ရက် ယာယီရွှေ့ဆိုင်း
Sep 23,2020
နိုင်ငံတစ်ဝန်းရှိ အသက်(၉)နှစ်မှ (၁၀)အတွင်း မိန်းကလေးငယ်များအား အိတ်ချ်ပီဗီ (သား အိမ်ခေါင်း ကင်ဆာ) ကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံမည့်ရက်ကို ကိုဗစ်-၁၉ရောဂါကြောင့် ယာယီ ရက်ရွေ့ဆိုင်း ထားကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
ကျောက်ထုမြို့နယ်တွင် အိမ်သုံးဝါးထရံများအား တစ်နိုင်တစ်ပိုင် ရက်လုပ်ရောင်းချပြီး မိသားစု ဝင်ငွေရရှိ
Sep 23,2020
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ ဂုံဘိုရပ်ကွက်တွင် တင်းဝါးအသုံးပြုလျက် ဝါးထရံရက်လုပ်ခြင်းဖြင့် ရက်လုပ်ရောင်းချသည့် တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြင့် မိသားစုဝင်ငွေ ရရှိကြောင်း သိရသည်။
တွန်းဇံမြို့၌ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Sep 23,2020
မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ကျင်းပ သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ရောဂါကူးစက်ပြန့်နှံ့မှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 23,2020
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန် မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
မုဒုံမြို့နယ်တွင် ရဲတပ်ဖွဲ့မှူးရုံးရှိ တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်းများ၊ ကမာဝက်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန် ထောက်ပံ့
Sep 23,2020
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်မုဒုံမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဝင်းဇော်မှ ကမာဝက်နယ်မြေ ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များနှင့် မြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးရှိ တပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို ယနေ့ နံနက်ပိုင်းက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးခန်းတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ ရောဂါကာလ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များအား ရှောင်တခင်စစ်ဆေး
Sep 23,2020
ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ မြို့ပေါ်ရပ်ကွက်များရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင် များအား မွန်းတည့် ၁၂ နာရီနောက်ပိုင်း ရောင်းချခြင်း ရှိ/မရှိ ပထမအကြိမ် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီခွဲအချိန်ခန့်က မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့စည်ပင်သာယာရေး အဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ရှောင်တခင် စစ်ဆေးကြသည်။
ထီးလင်းမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ် စိုက်ဧကများအတွင်း မျိုးကွဲနှင့်ပိုးမွှားရောဂါ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းဆောင်ရွက်
Sep 23,2020
မိုးစပါးမျိုးစေ့ထုတ် စိုက်ဧကများအတွင်း မျိုးကွဲနှင့်ပိုးမွှားရောဂါများ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီက ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ပုဏ္ဏား ကျေးရွာနှင့်သရခါကျေးရွာများရှိ မိုးစပါးမျိုးစေ့ထုတ် စိုက်ဧကများတွင် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖရူဆိုမြို့နယ် မြို့မဈေး၌ ဝင်ထွက်သွားလာနေသော ပြည်သူများ ယခင်ကထက် နှာခေါင်းစည်း(Mask) ပိုမိုတပ်ဆင်အသုံးပြုလာ
Sep 23,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့မဈေးတွင် ယနေ့ နံနက် ၇ နာရီခွဲအချိန်က ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်‌ရေးကော်မတီဝင် ဌာနဆိုင်ရာများ ဈေးကော်မတီတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် စနစ်တကျ တပ်ဆင်အသုံးပြုနိုင်ရေး အသိပညာပေး လုပ်ငန်း ဆက်လက်ဆောင်ရွက်လျက်ရှိရာ ဈေးတွင်းဝင်ထွက်သွားလာသူများ၊ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ ယခင်ကထက် နှာခေါင်းစည်း (Mask) ပိုမိုတပ်ဆင်အသုံးပြုလျက်ရှိကြောင်း သိရသည်။