ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၁၂၇)ဦးအား မီးရထားခရီးစဉ်ဖြင့် ဆက်လက်ပို့ဆောင်ပေး
Sep 23,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိရာ ယနေ့တွင် အမျိုးသား (၁၀၉)ဦး၊ အမျိုးသမီး (၁၈)ဦး စုစုပေါင်း (၁၂၇) ဦးတို့ကို ထပ်မံပို့ဆောင် ပေးနိုင်ခဲ့သည်။