သတင်းများ

တွံတေးမြို့နယ်၌ အဘိုးအဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ပေးအပ်
Jun 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကျွန်းတောရပ်ကွက်တွင် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ပေးအပ်ခြင်း ကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ထံမှ သိရှိရသည်။
ဝန်းသိုမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 22,2021
၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီခွဲအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၃၀၂) ညောင်ပင်သာ ကွင်း အတွင်း ကျင်းပပြုလုပ်ခဲ့သည်။ 
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 22,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အတွင်းရှိ ပြည်သူလူထုများနှင့် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဆိုးကျိုးများ၊ ရှောင်ရန်/ဆောင်ရန်များနှင့် မှတ်သားဖွယ်ရာ အသိပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်ကို ယနေ့ နံနက်(၉)နာရီအချိန်က အထကကျောင်းနှင့် စျေးများ၊ လမ်းသွားလမ်းလာများအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ကျိုင်းတုံ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်  လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 22,2021
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်  လက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများက ယမန်နေ့  ညနေပိုင်းက ကျိုင်းတုံမြို့ ညနေဈေး(အာခါဈေး)၌ ဈေးရောင်းဈေးဝယ် ပြည်သူလူထုများအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ရွှေကျင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး စစ်ဆေးဆောင်ရွက်
Jun 22,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပ သွားလာသူများ အား ယခုဝယ် ယခုတပ် စနစ်ဖြင့် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၀-၂၀၂၁) ခုနှစ် ဘဏ္ဍာရေးနှစ် စက်ရေတွင်း တွင်းနက်တူးဖော်ခြင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 22,2021
ပဲခူးတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၀-၂၀၂၁) ခု ဘဏ္ဍာ‌ရေးနှစ် တွင် အကောင်အထည်ဖော် ဆောင်ရွက်သော ပေါင်းချုပ် ကျေးရွာအုပ်စု၊ ညံ‌တောကြီးကျေးရွာ စက်ရေ တွင်း တွင်းနက်တူးဖော်ခြင်းလုပ်ငန်း အခြေအနေအား ယမန်နေ့ နံနက်ပိုင်းက သွားရောက်စစ်ဆေးခဲ့​သည်။
လှိုင်းဘွဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲကျင်းပ
Jun 22,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဌာနဆိုင်ရာများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်အတွက် လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် မြို့အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီ အချိန်ခန့်က ရှမ်းရွာသစ် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။