သတင်းများ

စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးဆိုင်များ အချိန်အကန့်အသတ်ဖြင့် ရောင်းချခြင်းရှိ/မရှိ လိုက်လံစစ်ဆေး
Sep 23,2020
ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးကြီးများနှင့် လမ်းဘေးဈေးဆိုင်၊ အိမ်ဆိုင်များအား သတ်မှတ်ထား သည့် အချိန်အကန့်အသတ်ဖြင့် ရောင်းချနေမှု ရှိ/မရှိတို့ကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီ အဖွဲ့များက လိုက်လံစစ် ဆေးခဲ့ကြောင်း သိရသည်။
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် နှာခေါင်းစည်း(Mask) အခုရေ (၇၀၀၀) ဖြန့်ဝေလှူဒါန်း
Sep 23,2020
၂၀၂၀ ပြည့်နှစ် အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ယမန်‌နေ့က အမှတ်(၈၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(ဟင်္သာတ)တပ်ဖွဲ့ဝင်များက အဆိုပါရုံးရှေ့တွင် လမ်းသွား/ လမ်းလာ ပြည်သူများကို နှာခေါင်း စည်း (Mask) များ အခမဲ့ဖြန့်ဝေလှူဒါန်းခဲ့သည်။
ကျောင်းကုန်းမြို့နယ် ထွေ/အုပ်ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေး
Sep 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ ရုံးဝန်ထမ်းများအား အ‌ခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးမှုကို ယနေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ် ခဲ့သည်။
ကျိုက်ထိုမြို့နယ်၌ မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် မလွတ်ကင်းသော အိမ် ၊ခြံ၊ မြေ၊ ဥယျာဉ်၊ လယ်ယာမြေများအား ပြည်နယ်အစိုးရအဖွဲ့မှ (ဒုတိယအကြိမ်) မြေယာလျော်ကြေး ငွေပေးအပ်
Sep 23,2020
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း မြို့ရှောင်လမ်း ဖောက်လုပ်ရာတွင် မလွတ်ကင်းသော အိမ် ၊ခြံ၊ မြေ၊ ဥယျာဉ်၊ လယ်ယာမြေတို့အား ပြည်နယ်အစိုးရအဖွဲ့မှ မြေယာလျော်ကြေးငွေ (ဒုတိယအကြိမ်) ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် ကျိုက်ထိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ကျုံပျော်တွင် နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်သွားလာ‌ရေး နေ့စဉ်အသိပေး ဆောင်ရွက်
Sep 23,2020
ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် တွင် အပြင်ထွက် သွားလာပါက နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာ‌ရေးကို နေ့စဉ်အသိပေး ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဦးဆောင်ကာ သက်ဆိုင်ရာတာဝန်ရှိသူများက မြို့၏ လူစည်ကားရာနေရာ ဖြစ်သည့် မြို့မဈေးရှေ့တွင် စောင့်ဆိုင်း၍ အပြင်ထွက်ပါက Mask စနစ်တကျ တပ်ဆင်သွားလာရေးကို အသံဖွင့်လှုံ့ဆော်ခြင်း၊ အသိပေးခြင်းများကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သာပေါင်းမြို့ ဈေးဆိုင်များ သတ်မှတ်ချိန်အတိုင်း ဖွင့်လှစ်ရောင်းချနိုင်ရေး အသိပေးနှိုးဆော်
Sep 23,2020
သာပေါင်းမြို့ ဈေးဆိုင်များ စက်တင်ဘာလ ၂၁ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အထိ သတ်မှတ်ချိန်အတိုင်း ဖွင့်လှစ်ရောင်းချနိုင်ရေး အသိပေးနှိုးဆော်ချက်များအား မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ၀န်ထမ်းများမှ နေ့စဉ် နေ့/ည အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြသည်။
တာမွေမြို့နယ်ရှိ Community Based Facility Quarantine Centre တွင် နှာခေါင်းနှင့် အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာ ရယူခြင်းများဆောင်ရွက်
Sep 23,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် Community Based Facility Quarantine Centre တွင် Quarantine နေထိုင်ရမည့်သူများကို ၁၉-၉-၂၀၂၀ ရက်နေ့ ညနေ ၄:၀၀အချိန်မှ စတင် လက်ခံခဲ့ပြီး ၂၁-၉-၂၀၂၀ ရက်နေ့ ညနေ ၄:၁၅ အချိန်တွင် စတင်၍ နှာခေါင်းနှင့် အာခေါင်တို့ဖတ် Swab ဓာတ်ခွဲခန်းနမူနာရယူခြင်း လုပ်ငန်းများဆောင်ရွက်ခြင်းကို
ကန့်ဘလူမြို့နယ်တွင် နေအိမ်ပြင်ပ ထွက်ခွာလာသူများ နှာခေါင်းစည်းတပ်ဆင်မှု မရှိခြင်းကြောင့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေဖြင့် အရေးယူ
Sep 23,2020
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ မြို့ဝင်စစ်ဆေးရေးဂိတ်တွင် ယနေ့ နံနက်ပိုင်း က နေအိမ်ပြင်ပ ထွက်ခွာ လာသူများ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း မရှိသူများအား ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေးဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။