သတင်းများ

ပန်းတောင်းမြို့နယ် ထုံးဘိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး အတွက် အသိပညာပေး နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ
Sep 23,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မြန်လာသည်နှင့်အမျှ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ထုံးဘိုမြို့တွင် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိရာ ဌာနဆိုင်ရာများ ၊ ကျေးရွာအုပ်ချုပ်ရေးမှုးများ ရပ်မိရပ်ဖများ၊ ကြက်ခြေနီအဖွဲ့များ၊ ဓမ္မစကူးလ် ဆရာ၊ဆရာမများ ပူးပေါင်း၍ ကိုဗစ်-၁၉ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ထုံးဘိုစျေးတွင် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ဆေးတက္ကသိုလ်(မန္တလေး) Volunteer Team က သံသယလူနာများအား Swab နမူနာရယူစစ်ဆေးနိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်
Sep 23,2020
မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက လုပ်ဆောင်နေသည့် သံသယလူနာများ ကို Swab နမူနာရယူသည့်လုပ်ငန်းများတွင်
ဖျာပုံမြို့ပေါ် ရပ်ကွက်/ကျေးရွာများရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်
Sep 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ပေါ် ရပ်ကွက်/ကျေးရွာများရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်း မှစတင်၍ မြို့ပေါ်ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှ အခြေခံလူတန်းစား အိမ်ထောင်စု များသို့ ထောက်ပံ့ငွေများ ပေးအပ်ကြသည်။
ရှားတောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အိမ်အပြင်ထွက်သူများအား Mask တပ်ဆင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Sep 23,2020
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရန် နှင့် ထိန်းချုပ်ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာ နေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ယနေ့ နံနက် (၈) နာရီ အချိန်၌ ဈေးပိုင်းရပ်ကွက်ရှိ ကယားပိုင်း လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ Quarantine Center ပြုလုပ်မည့် အထက်တန်းကျောင်းအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Sep 23,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ရောဂါကြိုတင် ကာကွယ်၊ ထိန်းချုပ်သည့်အနေဖြင့် ဓာတ်ခွဲအတည်ပြု လူနာများနှင့် အနီးကပ်ထိတွေ့ခဲ့ သူများအား သီးသန့်နေထိုင်စောင့်ကြည့်ရန်အတွက် Quarantine Center အဖြစ် ထပ်မံထားရှိဆောင်ရွက်မည့် အခြေခံ ပညာအထက်တန်းကျောင်းအား ယမန်နေ့ နံနက် ပိုင်းမှစ၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝယ်ယူမှုကြောင့် တစ်ပတ်အတွင်း ကြက်သွန်နီဈေးမြင့်တက်
Sep 23,2020
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝယ်ယူမှုကြောင့် တစ်ပတ်အတွင်း ကြက်သွန်နီဈေးများ မြင့်တက်လာကြောင်း ကြက်သွန်စိုက်တောင်သူများထံမှ သိရသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် (Quarantine Center)၌ အသွားအလာကန့်သတ်ထားရှိသူများနှင့် မြို့နယ် ဆေးရုံတွင် ထားရှိသည့် စောင့်ကြည့်လူနာများထံမှ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်(Swab) နမူနာများ ရယူပြီး ဓာတ်ခွဲစစ်ဆေးရန်ပေးပို့
Sep 23,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး (Positive)ရှိသူ များနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား ထားရှိသည့် အ-ထ-က(၂) Quarantine Center နှင့် မြို့နယ်‌ ဆေးရုံရှိ စောင့်ကြည့်လူနာများထံမှ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Swab)နမူနာ များအား ရယူရန် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များ ပူးပေါင်း၍ ယမန်နေ့ က သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်းမြို့အတွင်းရှိ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး (စာရေးဝန်ထမ်း) များ အား နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်
Sep 23,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက် ရှိသော (စာရေးဝန်ထမ်း) ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး များအား ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရပ်/ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်မှုအား အသိအမှတ်ပြုသည့်အနေဖြင့် ထောက်ပံ့ငွေပေးအပ်ချီးမြှင့် ခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်ကမ္ဘောဇမခန်း၌ ကျင်းပခဲ့သည်။