မိုးမောက် ဇွန် ၂၂
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် ဒေသခံပြည်သူများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မိုးမောက်မြို့နယ်ဦးစီးမှူးရုံးမှ "ပန်းခင်း" စီမံချက်ဖြင့် ခါနန်ရပ်ကွက် အတွင်း ကွင်းဆင်းဆောင်ရွက်ပေးသော နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်(၆၆)ကတ်ကို ခါနန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဇွန်လ(၂၁)ရက်နေ့နံနက်(၁၀)နာရီက ပေးအပ်ပွဲ ကျင်းပခဲ့ပါသည်။
အဆိုပါ ပေးအပ်ပွဲတွင် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်နယ် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦး၀င်းရဲထွန်းက “ပန်းခင်း” စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်မှုနှင့် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဌာန၏ လုပ်ငန်းဆောင်ရွက်မှုကို အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦး၀င်းရဲထွန်း၊ ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့်အဖွဲ့ဝင်များ၊ မိုးမောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေနှင့် အဖွဲ့ဝင်တို့က နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ရာ ရပ်မိရပ်ဖ ဦးအောင်းဆာ၊ ဦးလဝေါမ်၊ ဦးအောင်ရှင်းတို့က လက်ခံရယူကြပြီး ရပ်မိရပ်ဖ ဦးဒါဝိဒ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ပန်းခင်းစီမံချက်ကာလအတွင်း အသက်(၁၀)နှစ်ပြည့်သူများ၊ အသက်(၁၈)နှစ်ပြည့်သူများနှင့် အသက်(၁၈) နှစ်အထက်ရှိသူတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ် ဆောင်ရွက်ပေးခြင်း နှင့် လဲလှယ်ခြင်းတို့ကို လည်းကောင်း၊ အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း ဆောင်ရွက်ရန်ကျန်ရှိသည့် ရပ်ကွက်၊ကျေးရွာများကိုလည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လွန်းနန်းထွေး