အင်္ဂပူ(အထက)တွင် ကိုဗစ် -၁၉ ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲပြုလုပ်

အင်္ဂပူ၊ ဇွန် ၂၂
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ငုရွှေဝါခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ဗီဇပြောင်း ကိုဗစ် -၁၉ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်မိုးက မိတ်ဆက်စကား ပြောကြား ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစု စည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်သန္တာဌေးမှ ဗီဇပြောင်း ကိုဗစ်-၁၉ရောဂါလက္ခ ဏာနှင့်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဆောင်ရန်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်မိသားစု စည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ က Mask(၂၀၀)ခုနှင့် Face Shield (၁၀၀) ခုတို့ အားပေးအပ်ရာ ကျောင်းအုပ် ဆရာကြီးဦးမြင့်နိုင်မှ လက်ခံရယူခဲ့ကြောင်းသိရသည်။
မန်းကျော်