ကြံခင်း ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နေ ပြည်သူများကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ အန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်ပြီး မြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့များမှ ယမန်နေ့နံနက်ပိုင်းတွင် ကြံခင်းမြို့ မြို့မဈေးအတွင်းရှိဈေးရောင်း ၊ဈေးဝယ်ပြည်သူများအား အသိပညာပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ကြံခင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအန္တရာယ်မှတားဆီးကာကွယ်နိုင်ရန် မဖြစ်မနေအိမ်အပြင်ထွက်ပါက နှာခေါင်းစည်းMask တပ်ဆင်သွားလာကြရန်နှင့် အပြင်မှနေအိမ်သို့ပြန်ရောက်ပါက မိနစ်(၂၀)ကြာလက်ကို စနစ်တကျ ဆေးကြော ရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီ လိုက်နာ ဆောင်ရွက်နိုင်ရေးအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှHand Speakerဖြင့်အသိပေး နှိုးဆော်ခြင်း နှင့်ဈေးရောင်း ၊ဈေးဝယ်ပြည်သူများအားနှာခေါင်းစည်းMaskများကိုစနစ်တကျတပ်ဆင်ကြရန်၊ Mask တပ်ဆင်မှုမရှိသူများအား အသိပညာပေးပြီး Mask တပ်ဆင်သွားလာရန် ပေးဝေခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဥက္ကဌ ဦးကျော်ကျော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဦးစီးအရာရှိ ဒေါ်တင်မိုးသူနှင့်တာဝန်ရှိသူများက အသိပညာပေးနှိုး ဆော်ခဲ့ကြကြောင်း သိရသည်။