သတင်းများ

လင်းခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများထောက်ပံ့
Sep 23,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်း‌ခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့ နံနက်(၁၁)နာရီ အချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများကို တာဝန်ရှိသူတို့မှ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။
ကျိုက်လတ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီက ဈေးများအား အသိပညာပေးစစ်ဆေး
Sep 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယနေ့နံနက် ၇ နာရီခန့်ကစ၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီက မြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဈေးများအား ပညာပေး စစ်ဆေး ခဲ့ကြသည်။
တွံတေး၌Community Based Facility Quarantine Centre(၃) ထပ်မံဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်
Sep 23,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊တွံတေးမြို့နယ်အတွင်း  ပြည်တွင်း၊ပြည်ပ မှပြန်လည် ရောက်ရှိ လာသူများအား ပြည်သူ့ဆေးရုံရှိလူနာစောင့်များထားရှိရာ အဆောင် (၂၄)ဦးဆံ့ Community Based Facility Quarantine Centre၊အစိဏ္ဏကံတန်ဆောင်း၊ ရှမ်းတန်ဆောင်းတို့တွင် (၃၄)ဦးဆံ၊ Community Based Facility Quarantine Centre နှင့်ခတ္ထိယကျေး ရွာအုပ်စု၊ ခတ္ထိယကျေးရွာရှိ ခတ္ထိယတိုက်နယ်ဆေးရုံ ဟောင်းတွင် (၁၀)ဦးဆံ့ Community Based Facility  Quarantine Centre၊ အ.ထ.က (၂)တို့တွင်(၁၀၀) ဆံစုစုပေါင်း Centre(၄)ခုဖွင့်လှစ်ထားခဲ့ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ် လူငယ်ရေးရာအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ စည်ပင်သာယာဈေးများနှင့် မြို့လယ်လမ်းဆုံတို့တွင် Mask Campaign ပြုလုပ်
Sep 23,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လူငယ်ရေးရာကော်မတီနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက်(၉)နာရီမှစတင်ကာ မြို့မစည်ပင်သာယာဈေး၊ တမ္ပဝတီဈေးသစ်နှင့် မြို့လယ်လမ်းဆုံများတွင် Mask Campaign ပြုလုပ်ခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း Online စနစ်ဖြင့် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်
Sep 23,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးကာလအတွင်း စာကြည့်တိုက်ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများကို Online မှတစ်ဆင့် ဗဟုသုတရဖွယ်ပုံပြင်များ ပြောပြခြင်း၊ ကဗျာများ ရွတ်ဆိုပြခြင်း၊ ပန်းအလှဆင်ခြင်း၊ စက္ကူအရုပ်ခေါက်ပြခြင်း၊ ရုပ်ပုံများ ဆေးရောင်ခြယ်ခြင်းနှင့် စာအုပ်အသစ် များ မိတ်ဆက် ပေးခြင်းစသည့် ပြည်သူ့စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများကို လွှင့်တင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ကိုဗစ်−၁၉ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်း    
Sep 23,2020
လှိုင်မြို့နယ် ကိုဗစ်−၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးကော်မတီသို့ ယမန်နေ့နေ့လယ်က လှိုင်မြို့နယ်၊ အမှတ် ၁၆ ရပ်ကွက်၊ ပါရမီကွန်ဒိုတွင် တည်ရှိသော မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ကိုဗစ်−၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး
လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ သံသယ ရှိသူများအတွက် Hlaing Quarantine Center (3) ဖွင့်လှစ်ရန် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Sep 23,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ကို‌ဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှ ကြီးကြပ်၍ ထပ်မံဖွင့်လှစ်မည့် တတိယမြောက် Quarantine Center ကို လှိုင်တက္ကသိုလ်ကျောင်းရှိ ​မေခ​ဆောင်၌ ပြင်ဆင်ခြင်း လုပ်ငန်းများ၊ သန့်ရှင်းရေးဆောင်ရွက်ခြင်း လုပ်ငန်းများ၊​ ရေ၊မီးနှင့် လိုအပ်​သော အသုံးအ​​ဆောင်များ ဖြည့်တင်းခြင်း၊
ငါးသိုင်းချောင်းမြို့၌ maskနှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး အသိပညာပေးခြင်းနှင့် ဈေးဆိုင်များ သတ်မှတ်ချိန် အတိုင်း ဖွင့်လှစ်ရောင်းချရေး ကွင်းဆင်းဆောင်ရွက်
Sep 23,2020
ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပ ထွက်ခွာတိုင်း mask နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာရေး၊ တိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီက ထုတ်ပြန်ကြေငြာထားသော ညွှန်ကြားချက်များအပေါ် ပြည်သူများ လိုက်နာ ဆောင်ရွက်ရေး ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဌေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်နှင့် စည်ပင်သာယာရေး ကော်မတီဝင်များ၊ မြို့ကြက်ခြေနီ အသင်းခွဲငယ်အဖွဲ့တို့သည် ယနေ့နံနက်ပိုင်းက စည်ပင်သာယာ မြို့မဈေးကြီးအတွင်းနှင့် ဗိုလ်ချုပ်လမ်းမပေါ်ရှိ ဈေးဆိုင်များ၊‌ ဒေါင့်ကြီးဘက်‌ ကျေးရွာအုပ်စု၊ ပုသိမ်-မုံရွာ အဝေးပြေး လမ်းမကြီး‌ပေါ်ရှိ စားသောက်ဆိုင်နှင့် ဈေးဆိုင်များကို ကွင်းဆင်းစစ်‌ဆေး ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။