ကျွန်းစုမြို့၊ မြို့မရဲစခန်းရှိ အကျဉ်းသား (၄)ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိ

ကျွန်းစု ဇွန် ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယ‌မန်နေ့ မွန်းလွဲ(၁)နာရီအချိန်က  မြို့မရဲစခန်း၌ ထားရှိသော အကျဉ်းသား အမျိုးသား (၂၀)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Diagnostic Antigen Test Kid (RDT)ဖြင့် စစ်ဆေးခဲ့ရာ အမျိုးသား(၄)ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ရဲမင်းဦးထံမှ သိရသည်။

ရောဂါပိုး တွေ့ရှိသူ(၄)ဦးအား မြို့မစခန်းအတွင်း သီးခြားစောင့်ကြည့်အချုပ်ခန်းတွင် ချုပ်နှောင် ထားရှိကြောင်း သိရသည်။

စည်သူရအောင်