ကော့ကရိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 24,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနုဦးဆောင်၍ မြို့နယ် ကိုဗစ် - ၁၉ ကြီးကြပ်ရေး ကော်မတီ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သဟဇာတ လူငယ်အဖွဲ့များ၊ စေတနာ့ဝန်ထမ်းလူငယ်များပူးပေါင်း၍ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရန် ကျန်းမာရေးနှင့် ညီညွတ်သော နှာခေါင်းစည်းများ အခမဲ့တပ်ဆင်ဖြန့်ဝေပေးခြင်း၊ နှာခေါင်းစည်းများကို စနစ်တကျအသုံးပြုရေး၊ လက်သန့်ဆေးရည် များဖြန်းပေးခြင်းနှင့် အိမ်အပြင်ထွက်ပါက နှာခေါင်းစည်းများတပ်ဆင်ပြီးမှ သွားလာကြရန်၊ ရောဂါမကူးစက်အောင် ရှောင်ရန်/ ဆောင်ရန်များနှင့် ကိုဗစ် - ၁၉ အသိပညာပေးတေးသီးချင်းများဖွင့်လှစ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။