သတင်းများ

မဘိမ်းမြို့တွင် ၂ဝ၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေး
Jun 17,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် မိုးမိတ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ၂ဝ၂၁ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တောင်သူများထံ ထုတ်ချေးပေးလျက်ရှိ ကြောင်း သိရှိရသည်။
မိုးညိုမြို့နယ်တွင် မျိုးပြောင်းလဲစိုက်ပျိုးခြင်းနှင့် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါးစိုက်ပျိုး ခြင်း သရုပ်ပြပွဲပြုလုပ်
Jun 17,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်းအုပ်စု၊ မိုးသစ္စာကျေးရွာအနီးရှိ တောင်သူဦးအေးမြင့်၏ ကွင်းအမှတ်(၇၀)တွင် သဘာဝဘေးကြောင့် သီးနှံပျက်စီးဆုံးရှုံးမှု လျော့နည်းစေရန် မျိုးပြောင်းလဲစိုက်ပျိုးခြင်းနှင့် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ် ပြပွဲကို ယနေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့ရာ ဖိတ်ကြားထားသော ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ရောက်ခဲ့သည်။
နောင်ချိုမြို့နယ် သရက်ကုန်းကျောင်းတိုက်၌ ဓမ္မစကူးလ် သင်တန်းဖွင့်ပွဲ ကျင်းပ
Jun 17,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)  နောင်ချိုမြို့နယ် သရက်ကုန်းကျောင်းတိုက်၌ ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ဓမ္မစကူးလ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ သဖန်းကိုင်းပရဟိတ ဆရာတော် ကြွရောက်ကာ ဩဝါဒ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jun 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရာသီကာလအတွင်း ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေး အတွက် ၂၀၂၁ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက ရုံးကြီး ကွက်သစ် (၁၂)လမ်းရှိ ဘိုးဘွားရိပ်သာဝန်းအတွင်းနှင့် ဒေးဒရဲ-တော်ကမယ် ကားလမ်းမတစ်လျှောက်တွင် ပျိုးပင်များစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ရွှေကျင်မြို့နယ် သစ်တောဦးစီးဌာနမှ လူထုဖြန့်ပျိုးပင်ပေါင်း သုံးသောင်း ပျိုးထောင်ထား
Jun 17,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် သစ်တောဦးစီးဌာနမှ ကျွဲတဲရပ်ကွက်အတွင်းရှိ မြို့မယာယီ ပျိုးဥယျာဉ်အတွင်း၌ ၂၀၂၁ ခုနှစ်တွင် လူထုဖြန့်ပျိုးပင်ပေါင်း သုံးသောင်းကိုပျိုးထောင်ပေးထား လျက်ရှိသည်။
ကြည့်မြင်တိုင်မြို့နယ်တွင် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်​မြောင်း ရှင်းလင်းခြင်းနှင့် လျှပ်စစ်ဓာတ်ကြိုးနှင့် မလွတ်ကင်းသော သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းဆောင်ရွက်
Jun 17,2021
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ယမန်​နေ့ နံနက်ပိုင်းက အောက်ကြည့်မြင်တိုင် လမ်း(ကုက္ကိုလ်လမ်းနှင့် ပန်းလှိုင်လမ်းကြား)ရှိ အုတ်ရေမြောင်း(၉၉၀)ပေအား အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး၏ စီစဉ်ကြပ်မတ်မှုဖြင့် စည်ပင်သာယာ​ရေးအဖွဲ့များမှ ရှင်းလင်းဆောင်ရွက်ခဲ့ပြီး ထွက်ရှိ သောမြောင်းချေး၊ အမှိုက်များအား ထိန်ပင်အမှိုက်ကုန်းသို့ စွန်ပစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 17,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Jun 17,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး မှ ဝန်ထမ်းများ စာဖတ်သည့် အလေ့အထများရရှိ ရန်နှင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေရေး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်ပြီး ဝန်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပပြုလုပ် သည်။