ဒေးဒရဲ ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရာသီကာလအတွင်း ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေး အတွက် ၂၀၂၁ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက ရုံးကြီး ကွက်သစ် (၁၂)လမ်းရှိ ဘိုးဘွားရိပ်သာဝန်းအတွင်းနှင့် ဒေးဒရဲ-တော်ကမယ် ကားလမ်းမတစ်လျှောက်တွင် ပျိုးပင်များစိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှု တိုက်ဖျက်ရေးနေကို ဂုဏ်ပြုသောအားဖြင့် မန်ဂျန်ရှားပျိုးပင် (၃၀၀)ပင်အား ဘိုးဘွားရိပ်သာဝန်းအတွင်းနှင့် ဒေးဒရဲ-တော်ကမယ် ကားလမ်းမဘေး တစ်လျှောက် စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။
မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၁ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးရန်အတွက် မန်ဂျန်ရှား (၁၅၀၀၀)ပင်၊ ကျွန်း (၁၀၀၀)ပင်၊ ခရေ (၃၀၀၀)ပင်နှင့် မဟော်ဂနီ (၁၀၀၀)ပင်၊ စုစုပေါင်းပျိုးပင် (၂၀၀၀၀)ပင်အား ပျိုးထောင်ထားရှိပြီး ရပ်ကွက်၊ ကျေးရွာများရှိ လိုအပ်သည့် နေရာများတွင် စိုက်ပျိုးနိုင်ရေးနှင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ ဘုန်းတော်ကြီးများ၊ စာသင်ကျောင်းများ အဖွဲ့အစည်းများသို့ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)