ကျောက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးစိုက်ဧက (၅၂,၇၉၉)ဧက စိုက်ပျိုးသွားမည်
Jun 17,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂-ခုနှစ် မိုးစပါးစိုက်ဧက (၅၂,၇၉၉)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပြီး လျာထားစိုက်ဧကပြည့်မီရေးနှင့် လိုအပ်မှုများမရှိစေရေးအတွက် ယမန့်နေ့နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ ရှေ့တန်း စိုက်ပျိုးရေးနည်းပညာပေး စခန်းများတွင် စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများ တွေ့ဆုံကာ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။