မိုးနဲမြို့၌ ဘိန်းအစားထိုး ဒေသဝက်မျိုးသားပေါက်များ အခမဲ့ဖြန့်ဖြူးပေး
Jun 17,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာခွင့်ပြုရန်ပုံငွေဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘိန်းအစားထိုး ဝက်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရန် ရည်ရွယ်၍ ဒေသဝက်မျိုးသားပေါက်များ အခမဲ့ ဖြန့်ဖြူးပေးခြင်း အခမ်းအနားကို မိုက်ဟိုင်းကျေးရွာအုပ်စု ဆိုင်ဖယ်ကျေးရွာတွင် ယနေ့ နံနက် ၈ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။