သတင်းများ

ရန်ကင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့
Jun 17,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်  ရန်ကင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိသော လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့နံနက် ၁၁နာရီအချိန်က ရန်ကင်းမြို့နယ် ခေတ္တမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်ထွန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း  သိရသည်။
တနင်္သာရီမြို့နယ်၌ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaing  ပြုလုပ်
Jun 17,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေးအတွက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ယနေ့နံနက် (၀၇:၃၀)နာရီက တနင်္သာရီမြို့ မြို့မရဲစခန်းရှေ့နှင့် လူစည်ကားရာ အောင်မင်္ဂလာ(၂)ဈေးတို့၌ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မက်မန်းမြို့နယ်၌ ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်ဆောင်ရွက်
Jun 17,2021
ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ယနေ့ နံနက် (၇)နာရီအချိန်တွင် မီးဘေးအန္တရာယ်နှင့် သဘာဝဘေး အန္တရာယ်များကျရောက်လာပါက မက်မန်းမြို့နယ်အတွင်းရှိ လုပ်သားပြည်သူများအား အချိန်မှီ ကူညီဆောင်ရွက်နိုင်ရန်အတွက် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးနှင့် ပတ်သက်သည့် လေ့ကျင့်ပညာပေးမှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အကြို နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ ပြုလုပ်
Jun 17,2021
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန၊ ပြည်သူ့စာကြည့် တိုက်တွင် ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိူးများကို သိရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုရအသင်းများနှင့် ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုရအသင်းများအား ဂုဏ်ပြုချီးမြှင့်
Jun 17,2021
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်နယ်၏ အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုး တက်လာစေရေးအတွက် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်အားကစားကွင်း၌ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရအသင်းများနှင့် ခရိုင်ပေါင်းစုံအသက် (၂၅)နှစ် အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုရအသင်းများအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။
သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်
Jun 17,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် အဘိတ်ဆေးခတ်ခြင်းကို ပန်းတင်ရပ်ကွက် ပန်းတင် (၃)လမ်းအတွင်း ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ရပ်ကွက်တာဝန်ခံ သွားဖွားဆရာမက ဆောင်ရွက်ခဲ့သည်။
ကရင်ပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှုများအား ကြည့်ရှုစစ်ဆေး
Jun 17,2021
ကရင်ပြည်နယ်အတွင်း လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည်  ယမန်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်က ဘားအံမြို့နယ်အတွင်း ကာကွယ်၊ထိန်းချုပ်၊ကုသရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
ကျွန်းစုမြို့တွင် စောင့်ကြပ်ကြည့်ရှုခြင်းခံယူနေသူ တစ်ဦးမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jun 17,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယ‌မန်နေ့ (၃)နာရီ အချိန်က Quarantine Centre ၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာများနှင့် ဆက်စပ်ထိတွေ့မိ၍ စောင့်ကြပ်ကြည့်ရှုခြင်းခံယူနေသူများ အား ကိုဗစ်ရောဂါပိုးရှိ/မရှိ Rapid Diagnostic Antigen Test Kid(RDT) ဖြင့် စစ်ဆေးခဲ့ရာ (၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါ (Positive) ပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ရဲမင်းဦးထံမှ သိရသည်။