ကြည့်မြင်တိုင်မြို့နယ်တွင် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်​မြောင်း ရှင်းလင်းခြင်းနှင့် လျှပ်စစ်ဓာတ်ကြိုးနှင့် မလွတ်ကင်းသော သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းဆောင်ရွက်

ကြည့်မြင်တိုင် ဇွန် ၁၇

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ယမန်​နေ့ နံနက်ပိုင်းက အောက်ကြည့်မြင်တိုင် လမ်း(ကုက္ကိုလ်လမ်းနှင့် ပန်းလှိုင်လမ်းကြား)ရှိ အုတ်ရေမြောင်း(၉၉၀)ပေအား အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး၏ စီစဉ်ကြပ်မတ်မှုဖြင့် စည်ပင်သာယာ​ရေးအဖွဲ့များမှ ရှင်းလင်းဆောင်ရွက်ခဲ့ပြီး ထွက်ရှိ သောမြောင်းချေး၊ အမှိုက်များအား ထိန်ပင်အမှိုက်ကုန်းသို့ စွန်ပစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပန်းဥယျာဉ်ဌာမှလည်း  လျှပ်စစ်ဓာတ်ကြိုးနှင့် မလွတ်ကင်းသော သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။ မိုးရာသီတွင် ဖြစ်ပေါ်လေ့ရှိသော  ရေကြီးရေလျှံမှု မဖြစ်ပေါ်စေ ရန်နှင့် ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ရည်ရွယ်ကာ မြို့နယ်စည်ပင်သာယာ​​ရေးဝန်ထမ်းများမှ ရေနုတ်မြောင်းများအတွင်း ပိတ်ဆို့နေသည့် အမှိုက်များ၊ မြောင်းချေးများနှင့် မြေသားများ ရှင်းလင်းခြင်း လုပ်ငန်းများကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။