ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ထန်းတပင်(ပဲခူး) ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး မှ ဝန်ထမ်းများ စာဖတ်သည့် အလေ့အထများရရှိ ရန်နှင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေရေး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်ပြီး ဝန်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပပြုလုပ် သည်။

ရှေးဦးစွာ    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးမှူး ဒေါ်သဇင်က   စာဖတ်ဝိုင်း ပြုလုပ်ရ ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြ သည့် ဝန်ထမ်းများက ဇွန် ၆ ရက်နေ့ထုတ်  ကြေးမုံသတင်းစာမှာပါရှိသည့် ကျော်ကျော်လှိုင်၏ ရွှေလို တန်ဖိုးရှိသော ခေါင်းဆောင်မှုစာအုပ်မှ ပေးဆပ်မှုတစ်ခုခုရှိမှ နောက်အဆင့်တစ်ခုကို တက်လို့ရမယ် ဆောင်းပါးကို ဖတ်ရှုဆွေးနွေးကြရာ ဆောင်းပါး၌ ပါရှိသည့် ကြည့်ကောင်းအောင်လုပ်တာကို အခြေခံက စပြီးကောင်အောင်လုပ်တာနဲ့လဲပါ၊ သက်သောင့်သက်သာ ဘဝကိုကြီးကျယ်ခမ်းနားမှုနဲ့လဲပါ၊ ငွေကြေးနဲ့ အနာဂတ်တိုးတက်မှုကိုလဲပါ၊ လက်ရှိပျော်ရွှင်မှုနဲ့ဘဝ တိုးတက်မှုကိုလဲပါ၊ အရာရာကို သိချင်တတ်ချင် တာကို ကျွမ်းကျင်မှုနဲ့လဲပါ  စသည့်ခေါင်းစဉ်ပါ အကြောင်းအရာများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းဖြင့် ဝန်ထမ်းများအနေဖြင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိ လာခြင်း၊ ဌာန၏လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေကာ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေသည့် အကျိုးကျေးဇူးများ ရရှိစေပြီး စာဖတ်ဝိုင်းအား အပတ်စဉ်တိုင်း ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

သန်းထွန်း