သတင်းများ

သိန္နီမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်
Jun 17,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းကစ၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့အဝင်တွင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်
Jun 17,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ရှိ ရပ်ကွက်များအတွင်း မိုးတွင်းကာလ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေနုတ် မြောင်းများ တူးဖော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက ရေဝေရပ်ကွက်၌ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အုတ်ဖိုမြို့ မိုးညိုတန်းလမ်းကတ္တရာလမ်း တိုးချဲခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်း ရာခိုင်နှုန်းပြည့် ပြီးစီး
Jun 17,2021
သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းလုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိသော မိုးညိုတန်းရပ်ကွက် မိုးညိုတန်း လမ်း ကတ္တရာလမ်းတိုးချဲခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းမှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီး သွားပြီဖြစ်ကြောင်း မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးဖြိုးဝေအောင်ထံမှ သိရသည်။
သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ပိုးတွေ့လူနာ(၄)ဦး ထပ်မံတွေ့ရှိ
Jun 17,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊  သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအုပ်စု၊ စက်ရုံရပ်ကွက်၌ ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်−၁၉ ရောဂါပိုး ကူးစက်ခံရသူအမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၁)ဦး၊ စုစုပေါင်း(၄)ဦး ထပ်မံတွေ့ရှိရကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပ
Jun 17,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး  ဦးစီးဌာန ဝန်ထမ်းများ စာဖတ်ခြင်းဖြင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေရန်နှင့်  စာဖတ်သည့်    အလေ့အထများရရှိစေရန်  ရည်ရွယ်၍ ဌာနတွင်း ဝန်ထမ်းများ     စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်  ၁၀  နာရီက ကျင်းပခဲ့သည်။
ရန်ကင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားပြုလုပ်
Jun 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေ များအား ရပ်ကွက်အုပ်ချုပ်ရေးမှူး များထံသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း သာယာဝတီမြို့နှင့် လက်ပံတန်း မြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Jun 17,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက် ၁၀ နာရီက သာယာဝတီမြို့နှင့် လက်ပံတန်းမြို့တို့ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Jun 17,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးရုံးမှ  ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်များ ပြုလုပ်ပေးခြင်းကို မေ(၃)ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပြီး ယနေ့နံနက် (၁၀)နာရီတွင် ရဲစုအုပ်စု၊ တံတားလည်ရပ်ကွက်၊ ဓမ္မာရုံတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကဒ်များ အသစ်ပြုလုပ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။