သတင်းများ

ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jun 17,2021
၂၀၂၁ခုနှစ် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ၄ ခရိုင် အသက် ၂၅ နှစ်နှင့် အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ ညနေ ၃ နာရီက ရန်ကုန် အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။
လဲချားမြို့၌ Mask Campaign ဆောင်ရွက်
Jun 17,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နေ ပြည်သူများ ကိုဗစ် -၁၉ ရောဂါကူးစက်မှု အန္တရာယ်မှ ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် (၇)နာရီအချိန်က  မြို့မစျေးတွင် ဆောင်ရွက်ခဲ့သည်။
‌ရွှေပြည်သာမြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ
Jun 17,2021
ပြည်သူများ  စာဖတ်သည့်အလေ့အကျင့်များရရှိပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စဉ်းစားဆင်ခြင်နိုင်သည့် အတွေးအ‌ခေါ်များ ရှိလာ‌စေရန် ရည်ရွယ်၍ ‌ ‌ရွှေပြည်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၁၀နာရီအချိန်က ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 17,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြ သည်။
နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀ ဦး နမ့်စန်မြို့မှ ဖြတ်သန်း၍ တောင်ကြီးမြို့သို့ ဆက်လက်ထွက်ခွာ
Jun 17,2021
ထိုင်းနိုင်ငံတွင် သွားရောက်နေထိုင် အလုပ်လုပ်ကိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံ၍ ပြစ်ဒဏ်စေ့ကာ နေရပ်အသီးသီးသို့ ပြန်လာကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ်သို့ ယမန်နေ့  နံနက် ၁၁ နာရီ အချိန်တွင်  ရောက်ရှိခဲ့ကြကြောင်း သိရသည်။
မိုင်းယောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
Jun 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူနှင့် အဖွဲ့ဝင်များ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်ရီထွန်း၊ မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေး ကော်မတီဝင်များသည် ယမန်နေ့ နံနက်ပိုင်းက မိုင်းယောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုသည်။
ပြည်မြို့တွင်ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသည့် ပညာရေးဝန်ထမ်းများ အား ပထမအကြိမ် စတင်ထိုးနှံပေး
Jun 17,2021
ပဲခူးတိုင်းဒေသကြီး ၊ပြည်မြို့ ဒေသန္တရကျန်းမာရေးဌာနတွင် ကိုဗစ် -၁၉ ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသောပညာရေးဝန်ထမ်းများအား ဇွန်၁၅ရက်ကစတင်၍ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm)ထိုးနှံ​ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြို့နယ်များတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ ဓာတ်အားသုံးစွဲနိုင်ရေး ဆောင်ရွက်
Jun 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးလက်အောက်ရှိ မြို့နယ်ရုံးများက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး အတွက် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း စီမံချက်အရ မြို့နယ်များတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။