နောင်ချို ဇွန် ၁၇
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် သရက်ကုန်းကျောင်းတိုက်၌ ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ဓမ္မစကူးလ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ သဖန်းကိုင်းပရဟိတ ဆရာတော် ကြွရောက်ကာ ဩဝါဒ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် သဖန်းကိုင်းပရဟိတဆရာတော်နှင့်အဖွဲ့ဝင်များက သရက်ကုန်းကျောင်းတိုက်မှ ရှင်သာမဏေများအတွက် ဝါဆိုသင်္ကန်းဆက်ကပ်၍ သင်တန်းသား၊ သင်တန်းသူများအတွက် ဗလာစာအုပ်၊ ဘောပင်၊ လက်ဆွဲအိတ်များ၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲသို့ သရက်ကုန်းကျောင်းဆရာတော်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဓမ္မစကူးလ် ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ (၁၈၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ သဖန်းကိုင်းပရဟိတဆရာတော်နှင့်အဖွဲ့ဝင်များသည် အနောက်ကြူအင်းကျောင်း ဓမ္မစကူးလ်သင်တန်းသို့ သွားရောက်ကာ သင်တန်းဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထွေးငယ်၊ ပြန်/ဆက်