သတင်းများ

သဲကုန်းမြို့နယ်တွင် ​Quarantine Centre နှင့် စောင့်ကြည့်ဂိတ်​ပြန်လည်​ဆောင်ရွက်မည့် နေရာများအား ကြည့်ရှုစစ်ဆေး
Jun 17,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေး ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ အခမဲ့တပ်ဆင်ပေးခြင်းလုပ်ငန်း Mask Campaign နှင့် Quarantine Centre နှင့် စောင့်ကြည့်ဂိတ်​ ပြန်လည်​ဆောင်ရွက်မည့် နေရာများ​ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရေတာရှည်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့
Jun 17,2021
ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျှက်ရှိသော လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း  သိရသည်။
ပန်း​တောင်းမြို့နယ်၌ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်
Jun 17,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်း​တောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက ပန်း​တောင်း၊ တောင်ကုတ်လမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့၌ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
မိုးနဲမြို့၌ ဘိန်းအစားထိုး ဒေသဝက်မျိုးသားပေါက်များ အခမဲ့ဖြန့်ဖြူးပေး
Jun 17,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာခွင့်ပြုရန်ပုံငွေဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘိန်းအစားထိုး ဝက်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရန် ရည်ရွယ်၍ ဒေသဝက်မျိုးသားပေါက်များ အခမဲ့ ဖြန့်ဖြူးပေးခြင်း အခမ်းအနားကို မိုက်ဟိုင်းကျေးရွာအုပ်စု ဆိုင်ဖယ်ကျေးရွာတွင် ယနေ့ နံနက် ၈ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Jun 17,2021
 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေး နှိုးဆောင်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ မြို့နယ်အတွင်း လိုက်လံ၍ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မလှိုင်မြို့နယ် ပြန်/ဆက်ရုံး စာကြည့်တိုက်ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Jun 17,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ရုံးဝန်ထမ်းများစုပေါင်း၍ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
(692) ခေါ် ကျောက်စိမ်းငရုတ်စိုက်ပျိုးရန်အတွက် ပျိုးထောင်လျက်ရှိ
Jun 17,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိ ကျေးရွာများသည် မိုးငရုတ်များကို ကျယ်ကျယ်ပြန့်ပြန့် နှစ်စဉ်စိုက်ပျိုးခဲ့ရာ ယခုနှစ်တွင် ဈေးကွက်ဝင် (692) မျိုးခေါ် ကျောက်စိမ်းငရုတ်များကိုပါ စိုက်ပျိုး ရန် ပျိုးထောင်နေကြပြီဖြစ်ကြောင်း သိရသည်။ 
မိရိုးဖလာ ရိုးရာလုပ်ငန်းတစ်ခုအဖြစ် တွင်ကျယ်စွာ စိုက်ပျိုးလုပ်ကိုင်လာခဲ့ကြသည့် မြန်မာတို့၏ သနပ်ဖက်လုပ်ငန်း
Jun 17,2021
မြန်မာနိုင်ငံသားတို့သည် သနပ်ပင်ကို မြင်ဖူးချင်မှ မြင်ဖူးပေလိမ့်မည် သို့သော် သနပ်ဖက်ကိုတော့မမြင်ဖူးသူ ရှားပေလိမ့်မည် အဘယ်ကြောင့်ဆိုသော် သနပ်ဖက်ဆေးပေါ့လိပ်ကို သောက်သုံးသူများသောကြောင့် ဖြစ်သည်။