Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး လက်ရှိအခြေအနေအထိ ၆.၀၇% ထိုးနှံပြီး
Jun 17,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပေးရမည့် စာရင်းအရ အသက်(၁၈)နှစ် နှင့်အထက် လူဦးရေ(၁၀၅၃၉၁ ) ဦးရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသ
Jun 17,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ အနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန်၊ အသိပညာဗဟုသုတများ ရရှိနိုင်ရန်အတွက် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ (Community Centre) ခန်းမ၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ် ယင်းနားကုန်းကွင်းတွင် စက်မှုလယ်ယာဦးစီးဌာနက တောင်သူများအား ဆေးဖျန်း (ကိရိယာ) အသုံးပြုခြင်း သရုပ်ပြပွဲကျင်းပ
Jun 17,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ယင်းနားကုန်းကျေးရွာ ကွင်းအမှတ် ၂၆၀၈(ခ)ရှိ တောင်သူ ဦးသန်းဇော် စိုက်ပျိုးထားသော နှမ်းနီ (၂၅/၁၆၀) နှမ်းမျိုးများ
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အတွင်း ပြုပြင်ထိန်းသိန်းရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Jun 17,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူသည် ယမန်နေ့ မွန်းလွဲပိုင်းက ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်ရီထွန်းနှင့်အတူ မြို့နယ်အတွင်း ပြုပြင်ထိန်းသိန်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Vero) SARS-CoV-2 Vaccine ကို ဆရာ/ဆရာမ များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား စတင်ထိုးနှံပေး
Jun 17,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆရာ/ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ခန်းမ၌ စတင် ထိုးနှံပေးခဲ့သည်၊
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေး နှိုးဆော်မှုများ ပြုလုပ်
Jun 17,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့ နံနက်ပိုင်းက ကျောက်တံခါးမြို့ပေါ် (၅)ရပ်ကွက်နှင့် ပဲနွယ်ကုန်း မြို့ပေါ်(၈)ရပ်ကွက်တို့တွင် ပြည်သူများ သိရှိလိုက်နာရမည့်အချက်များ၊ ဆောင်ရန်/ရှောင်ရန်များအား နှိုးဆော်အသိပေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာအုပ်စုတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများလက်ဝယ်အရောက်ပေးအပ်
Jun 17,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်အတွင်း လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် ကွီးလေးကျေးရွာအုပ်စု၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်ဖိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jun 17,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ရေးနှင့် အသိပညာပေးလုပ်ငန်းများ၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားလာပါက စနစ်တကျ ထားရှိ ကုသနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံလမ်းညွှန်မှုဖြင့် အရှိန်အဟုန်မပြတ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25511
Page
25512
Page
25513
Page
25514
Current page
25515
Page
25516
Page
25517
Page
25518
Page
25519
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department