မရမ်းကုန်း ဇွန် ၁၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ဇော်အောင်က ပြောကြားရာတွင် "ယခုအခါ ကိုဗစ်-၁၉ ရောဂါပိုးဟာ အသွင်ပြောင်းပုံသဏ္ဍာန်ဖြင့် ကူးစက်ပျံ့ပွားလျက်ရှိကြောင်း၊ မိမိတို့မြို့နယ် အတွင်းသို့ ကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များအနေနဲ့ ကိုယ့်မြို့ကိုယ့်ရပ်ကွက်အား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ကြိုးစားဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ မိမိရပ်ကွက်အတွင်း ပြည်ပမှ ပြန်လာသူများရှိပါက တာဝန်ရှိသူများထံသို့ သတင်းပေးပို့ သွားရန် လိုအပ်ကြောင်း" စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်ကြက်ခြေနီ၊ မြို့နယ်မီးသတ်ဦးစီးမှူးတို့မှ ကြိုတင်ကာကွယ် ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ရာ တက်ရောက်လာသူများမှ ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။