မဘိမ်းမြို့တွင် ၂ဝ၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေး

မဘိမ်း  ဇွန်  ၁၇           

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် မိုးမိတ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ၂ဝ၂၁ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တောင်သူများထံ ထုတ်ချေးပေးလျက်ရှိ ကြောင်း သိရှိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂ဝ၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ မြို့နယ်အတွင်းတောင်သူများအား လယ်ယာ ကဏ္ဍ ဖွံဖြိုးတိုးတက်စေရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုအထောက်အကူဖြစ်စေရေးတို့အတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို တစ်ဧကလျှင် ငွေကျပ် ၁၅၀,၀၀၀ နှုန်းနှင့် အခြားသီနှံတစ်ဧကလျှင် ၁၀၀၀၀၀ နှုန်းဖြင့် ထုတ်ချေးပေးလျှက်ရှိရာ ယနေ့တွင် တောင်သူ ၂၃၇ ဦး၏ လယ်ယာမြေ ၁၁၈၈ ဧကအတွက် ချေးငွေစုစုပေါင်း ၁၇,၆၃၅၀,၀၀၀ ကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မိုးမိတ်မြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။  

မျိုးမင်း( ပြန်/ဆက် )