သတင်းများ

နမ္မတူမြို့နယ် အ.လ.က (၂) ကျောင်းတွင် တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာမ (၃)ဦး၌ Covid-19 ပိုးတွေ့ရှိ
Jun 17,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ အ.လ.က (၂) ကျောင်းတွင် တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာမ (၃)ဦးတွင် ယမန်နေ့က Covid-19 ပိုး တွေ့ရှိကြောင်း နမ္မတူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
တံတားဦးမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်
Jun 17,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကို ယနေ့နံနက်(၁၀)နာရီက တံတားဦး-မြို့သာ ကားလမ်းပေါ်တွင် ဘေးအန္တယ်ရာယ် ကင်းဝေးရေးနှင့် ပြည်သူများ အတွက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် နှာခေါင်းစည်း Mask တပ်ဆင်ရေးအဖွဲ့များ ခွဲနေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jun 17,2021
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နေအိမ်ပြင်ပသို့ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက်၈ နာရီက ပြည်ခရိုင်‌၊ ပေါင်းတည်မြို့နယ်အတွင်း လူစည်းကားရာ နေရာများဖြစ်သော ဈေး(၂)ရပ်ကွက်ဘုရားကြီးလမ်းတွင် အဖွဲ့များခွဲ၍ နှာခေါင်း စည်း Mask မတပ်ဆင်ဘဲသွားလာနေသူများအား  နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးပြီး အသိပညာပေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရသည်။
သန္ဓေပြောင်းကူးစက်မှုမြန်ဆန်သော မျိုးကွဲ ကိုဗစ်(၁၉)ကူးစက်ရောဂါ ကာကွယ်နိုင်ရေး မြို့ဝင်စစ်ဆေးရေးဂိတ်များ လားရှိုး၌ ပြန်လည်ဖွင့်လှစ်
Jun 17,2021
လားရှိုးမြို့မှ မန္တလေးမြို့တော်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်(၁၉)အတည်ပြု လူနာ(၄) ဦးတွေ့ရှိရာမှ လားရှိုးမြို့၌ ကူးစက်မြန်သန္ဓေပြောင်း ကိုဗစ်(၁၉)ကူးစက်ရောဂါ ကာကွယ်နိုင်ရေး အတွက် ဇွန်လ(၁၀)ရက်နေ့ကစတင်ကာ မြို့ဝင်စစ်ဆေးရေးဂိတ်များကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။
ဇလွန်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှအသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်ပွဲကျင်းပ
Jun 17,2021
ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
မိုင်းရယ်မြို့နယ် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်
Jun 17,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် မိုင်းရယ်မြို့နယ် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းငေါ့မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ရုံးခန်း၌စာဖတ်ဝိုင်းကျင်းပ
Jun 17,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်(Youth Club) လူငယ်များအသင်းတို့ပူးပေါင်း၍ အရှင်ဇနက(မန္တလေး စာသင်သား) ရေးသားသည့်  ကိုယ့်ကိုယ်ကိုယ် အားပေးကူညီခြင်း စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မိုင်းငေါ့မြို့ ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မဘိမ်းမြို့တွင် ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ  
Jun 17,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။