ရွှေကျင် ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် သစ်တောဦးစီးဌာနမှ ကျွဲတဲရပ်ကွက်အတွင်းရှိ မြို့မယာယီ ပျိုးဥယျာဉ်အတွင်း၌ ၂၀၂၁ ခုနှစ်တွင် လူထုဖြန့်ပျိုးပင်ပေါင်း သုံးသောင်းကိုပျိုးထောင်ပေးထား လျက်ရှိသည်။
သစ်တောဦးစီးဌာနမှ ပျိုးထောင်ထားသော ပျိုးပင်များမှာ ကျွန်း၊ မန်ဂျန်ရှား၊ မယ်ဇလီ များဖြစ်ပြီး ၂၀၂၁ မိုးရာသီကာလအတွင်း တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာ၊ ရပ်ကွက်နေပြည်သူများ၊ ကျောင်းနှင့် ဝန်းကျင်စိမ်းလန်းစိုပြေရေးတို့အတွက် ဖြန့်ဝေသွားမှာဖြစ်ကြောင်း သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးစောအယ်ကလူစိုးမိုးက ပြောကြားခဲ့သည်။
အဆိုပါပျိုးပင်များကို ဒေသခံပြည်သူများအနေဖြင့် မိမိခြံဝန်းအတွင်း၌ အရိပ်ရစေရန် ပျိုးဥယျာဉ်သို့ လာရောက်တောင်းပါက သစ်တောဦးစီးဌာနမှ ပျိုးပင်များ ကို အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရ သည်။
ထွန်းထွန်းဇော်