မင်းဘူးမြို့၌ ဒီဇင်ဘာအားကစားလ နောက်ဆုံးပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ
Dec 30,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ အားကစားလ နောက်ဆုံးပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်အချိန်က မင်းဘူးမြို့၊ ပြည်သူ့အားကစားကွင်းရှေ့ မိန်းလမ်းမကြီးတွင် စုရပ်ပြုလုပ်၍ ကျင်းပရာ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။