ရေတာရှည် ဒီဇင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို မြို့နယ်အဆင့်စာစီစာကုံး၊ ကဗျာနှင့်ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ရေတာရှည်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
စာစီစာကုံးပြိုင်ပွဲတွင် မိုးသို့လွင့်ပျံလွတ်လပ်ရေးရဲ့အသံ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် လွတ်လပ်ရေးအမွေထိန်းစို့လေခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၁၇)ဦး၊ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မွန်းလွဲ(၁)နာရီအချိန်တွင် ကျပန်းစကားပြောပြိုင်ပွဲအား ဆက်လက်ကျင်းပခဲ့ရာအခြေခံပညာ ကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများတွင် အ.ထ.ကအထက်တန်းကျောင်းမှ(၁၀)ဦး၊ အ.ထ.က(ခွဲ)ကျောင်းမှ (၁၁)ဦး၊ အ.လ.ကကျောင်း(၄)ရပ်ကွက်မှ (၆)ဦး၊ အ.လ.က(ခွဲ)အစ်ဝှာကျောင်းမှ (၅)ဦး မြောက်နန်ချွန်(မူလွန်)မှ(၅)ဦး၊ စုစုပေါင်း(၃၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာပြိုင်ပွဲဝင်ကျောင်းသူကျောင်း သားများနှင့်အုပ်ထိန်းသူမိဘများ၊ အကဲဖြတ်ဒိုင်ဆရာဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)