မြဝတီမြို့နယ်၌ ယာယီပြောင်းရွှေ့နေထိုင်သူများအတွက် ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ပေးအပ်
Dec 30,2023
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ မဲကနယ်ကျေးရွာအုပ်စု၊ မဲကနယ် တိုးချဲ့ကွက်သစ်တွင် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် မြို့ပေါ်ရပ်ကွက် စုရပ် ၃ ခုဖြစ်သည့် ချမ်းမြေ့ကျောင်းတိုက်၊ စိန်ရောင်ခြည်ကျောင်းတိုက်နှင့် ဓမ္မံရန်အောင်ကျောင်းတိုက်တို့၌ ယာယီပြောင်းရွှေ့ ရောက်ရှိလာသည့် ပြည်သူများအား တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၂ နာရီတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စု တစ်စုချင်းအလိုက် ထောက်ပံ့ပေး အပ်သည်။