သတင်းများ

ဒုတိယဗိုလ်ချုပ်ကြီး လူအေး၊ ကျောက်ဖြူမြို့ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားတက်‌ရောက်၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့မှ ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများနှင့် ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး
Jun 27,2023
ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)မှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်ရှိ အစိုးရနည်းပညာကောလိပ်အနီးတွင် ကျင်းပပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပွဲပျိုးတော် အခမ်းအနားသို့တက်ရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့(၆)မှ (ကျောက်ဖြူ)ဘိုးဘွားရိပ်သာရှိ အဘိုး၊အဘွားများနှင့် ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။
မြန်အောင်ခရိုင်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ရွတ်ဆိုပူဇော်ပြိုင်ပွဲကျင်းပ
Jun 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ခရိုင်အဆင့် (မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ)မြို့နယ်များမှ ဓမ္မစကြာနှင့် အနတ္တ လက္ခဏသုတ် ရွတ်ဆိုပူဇော်ပြိုင်ပွဲကို ယမန်နေ့က မြန်အောင်မြို့ အမှတ်(၅) ရပ်ကွက် တာဝတိံသာဓမ္မာရုံ၌ ကျင်းပရာ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်ဇနီး၊ မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် ဇနီး၊ ကြံခင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် ဇနီး၊ အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ဇနီး၊ ပြိုင်ပွဲဝင် ဝတ်ရွတ် အသင်းများ တက်ရောက်ခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၈)နာရီအချိန်က အမှတ်(၂) အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)တွင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်နှင့် ဝန်ထမ်းများက ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ပြုလုပ်
Jun 26,2023
ကသာခရိုင်၊ ကသာမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်(၁)နာရီအချိန်က မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ် ဆောင်ရွက်ခဲ့သည်။
ဟုမ္မလင်း၌ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ
Jun 26,2023
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင် လစာငွေများကို ၂၁ -၆-၂၀၂၃  ရက်နေ့ နံနက် ၇ နာရီအချိန်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေဘိုခရိုင်ရုံးတွင်"အ​အေး​ပေးဒြပ်ပစ္စည်းများအ​ကြောင်း"အသိ ပညာပေး Talk Show ပြုလုပ်
Jun 26,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရွှေဘိုခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်၂၀၂၃ ခုနှစ်ဇွန်လ ၂၆ ရက်​နေ့၌ကျရောက်သည့် ကမ္ဘာ့အ​အေး​ပေးပစ္စည်းများ​နေ့အထိမ်းအမှတ်"အ​အေး​ပေးဒြပ်ပစ္စည်းများအ​ကြောင်း"အသိပညာပေးTalk Show ကို ယနေ့‌နံနက်၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့တွင် ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကျင်း
Jun 26,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို ဇွန်လ(၂၆) ရက်နေ့ နံနက်(၉) နာရီအချိန်က ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မအီမြို့ပေါ်ရပ်ကွက်များ သောက်သုံးရေဖူလုံစွာ ရရှိနိုင်စေရေးအတွက် ညောင်ခြေထောက်ဆည် အား မြေကျင်း ၉၀၀၀ ဝန်းကျင်ခန့် တူးဖော်ရန်လိုအပ်နေ
Jun 26,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေနေသည့် ညောင်ခြေထောက်ဆည်မှာ နုံးနွံများ အနည်ထိုင်ခြင်းနှင့် ရေလယ်ခေါင် သောင်ထွန်းလာခြင်း များကြောင့် ဆည်အတွင်းသို့ ကွင်းဆင်းတိုင်းတာချက်အရ မြေကြီးထုထည်ပမာဏ မြေကျင်း ၉၀၀၀ ဝန်းကျင်ခန့် တူးဖော်ရန် လိုအပ်နေကြောင်း မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။