သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ဒီဇင်ဘာအားကစားလပဉ္စမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်း အနားတက်ရောက်
Dec 30,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဒီဇင်ဘာအားကစားလပဉ္စမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအရှေ့ဘက်ရှိ ဗိုလ်ချုပ်လမ်းပေါ်တွင်ကျင်းပရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ အခြေခံပညာကျောင်းသား၊ ကျောင်းသူများ၊ မြို့နေပြည်သူများနှင့် အားကစားကိုချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။ 
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (နောက်ဆုံးပတ်) သို့ ပါဝင်ဆင်နွှဲ
Dec 30,2023
ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေး အားကစားလေ့ကျင့်သည့်အလေ့အကျင့်ကောင်းများရှိလာစေရေးနှင့် ကိုယ်လက် လှုပ်ရှားအားစားပြုလုပ်၍ ကျန်းမာကြံ့ခိုင်လာစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (နောက်ဆုံးပတ်)ကို ယနေ့နံနက် ၆ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်း၌ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ (Grade-12)သင်ရိုးသစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်
Dec 30,2023
တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ (Grade-12)သင်ရိုးသစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက “ပညာပန်းခင်း” သီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုအားပေး
Dec 30,2023
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များ ပေါက်ဖွားနိုင်သည့် ရေနုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ဆရာ/ဆရာမများ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
မုဒုံမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သည့် စပါးဧက ၇၅၀၀၀ ကျော် ရိတ်သိမ်းပြီးစီး
Dec 30,2023
မွန်ပြည်နယ် မုဒုံမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံ တောင်သူများ စိုက်ပျိုးခဲ့သည့် မိုးစပါးစိုက်ဧက ၇၅၀၀၀ ကျော်ကို ရိတ်သိမ်းခြွေလှေ့ ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပင်းတယမြို့နယ်၌ မြို့နယ်အဆင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်
Dec 30,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအား လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့်လွတ်လပ်ရေး၏အဓိပ္ပာယ်ကို သိရှိနားလည်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီခွဲအချိန်က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာနှင့်စာစီစာကုံးပြိုင်ပွဲကိုများကို ကျင်းပပြုလုပ်သည်။
မြို့နယ်သံဃာ့နာယက၊ ဝိနည်းဓိုရ်ဆင့်ပွားသင်တန်း မြန်အောင်တွင်ဖွင့်လှစ်
Dec 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် သံဃာ့နာယက၊ ဝိနည်းဓိုရ်ဆင့်ပွား သင်တန်းကို ယနေ့နံနက်က မြန်အောင်မြို့ မုံရွာပရိယတ္တိစာသင်တိုက် သာသနာ့ဗိမာန်ဓမ္မာရုံတွင် ကျင်းပသည်။
ဈေးများမီးဘေးလုံခြုံရေးကြိုတင်ဆောင်ရွက်မှုအဖြစ် တမ္ပဝတီဈေးသစ်နှင့်မြို့မဈေးတို့တွင် အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်
Dec 30,2023
ဈေးများမီးဘေးလုံခြုံရေး၊ ဈေးများမီးလောင်မှုနှင့် ဆုံးရှုံးမှုတန်ဖိုး လျှော့နည်းစေရေးတို့အတွက်ရည်ရွယ်၍ ဈေးများမီးဘေးလုံခြုံရေး ကြိုတင်ဆောင်ရွက်မှုအဖြစ်၊ မီးသတ်ဆေးဗူးအသုံးပြုအရေးပေါ် မီးငြှိမ်းသတ်နည်းနှင့် မီးလောင်ရာတွင် အရေးပေါ်ဆောင်ရွက်ရမည့်အချက်များကို အသိပညာပေးခြင်း၊ မီးသတ်ရေတိုင်များ၊ မီးသတ်ကရိယာများစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို၊ ဒီဇင်ဘာ(၃၀)ရက်နေ့၊ နံနက်(၉:၃၀)နာရီက တမ္ပဝတီရပ်ကွက်ရှိ စည်ပင်သာယာအဖွဲ့ပိုင် တမ္ပဝတီဈေးသစ်ကြီးနှင့် မြို့မဈေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။