သတင်းများ

ထန်းတပင်မြို့နယ်တွင် မိုးရာသီတိရစ္ဆာန်အစာပင် နေပီယာမြက်စိုက်ပျိုး
Jun 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၃ခုနှစ်၊ မိုးရာသီ တိရစ္ဆာန်အစာ နေပီယာမြက် စိုက်ပျိုးခြင်း အခမ်းအနားကို ဇွန်လ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ကတွယ်ကျေးရွာရှိ နွားမွေးမြူရေးတောင်သူ ဦးကျော်လှ၏ မြေနေရာတွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဇမ္ဗူသီရိမြို့နယ်၌ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး
Jun 24,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ထိန်းချုပ်ရေး စီမံချက်အဖြစ် ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးလျက် ရှိသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန လူငယ်သင်တန်းကျောင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 24,2023
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး နွေရာသီတွင် အရိပ်ရရှိရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၂၂ ရက် နံနက် ၉ နာရီအချိန်က အဆိုပါသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
ကမ္ဘာ့အအေးပေးပစ္စည်းများနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပ
Jun 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ အအေးပေး ပစ္စည်းများနေ့ အထိမ်းအမှတ်အသိပညာပေး (Talk Show)ကို မွန်းလွဲ (၂)နာရီအချိန်က ကျင်းပ ပြုလုပ်သည်။
ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေး ဟောပြောပွဲပြုလုပ်
Jun 24,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါဒီဂရီကောလိပ်ရှိ ပညာတန်ဆောင် ခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများ၊ ခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ pptt ၉/၂၀၂၃ တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ စတုတ္ထအကြိမ် နဝမအစည်း အဝေးကျင်းပ
Jun 24,2023
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ စတုတ္ထအကြိမ် နဝမအစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီ အချိန်တွင် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ သီတင်းသုံးတော်မူရာ မဟာနာယကကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၁၃ ပေခန့်လို
Jun 24,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ်၂၁၂၀ စင်တီမီတာသို့ ရောက်ရှိရန် ၁၃ စင်တီမီတာခန့်လိုကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ တာဝန်ရှိသူများထံက သိရသည်။
ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား ကြည့်ရှု အားပေး
Jun 24,2023
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုတို့အား သွားရောက် ကြည့်ရှုအားပေးသည်။