ကော့သောင်းမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

ကော့သောင်း ဒီဇင်ဘာ ၃၀

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ(၂၈)ရက်နေ့မှစတင်၍ နဝရတ်အားကစားခန်းမတွင် ကျင်းပလျက်ရှိရာ ယနေ့တွင် အုပ်စုပွဲစဉ်(တတိယနေ့)အဖြစ် ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။

အဆိုပါအုပ်စုပွဲစဉ်များယှဉ်ပြိုင်ကြရာတွင် မြို့နယ်ရဲ၊ အား/ကာ၊ ကညန၊ ပညာရေး၊ မြေစာရင်း အစရှိသည့် အသင်း(၅)သင်းတို့က အုပ်စု(က)၊ လဝက၊ မီးသတ်၊ ထွေအုပ်၊ ခရိုင်ရဲ အသင်း(၄)သင်းက အုပ်စု(ခ)အဖြစ် ဒီဇင်ဘာ(၂၈)မှ ဇန်နဝါရီ(၁)ရက်နေ့ထိ အုပ်စုပွဲစဉ်များ ပတ်လည်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဇန်နဝါရီ(၂)ရက်နေ့တွင် အုပ်စု(က) ပထမနှင့်အုပ်စု(ခ)ဒုတိယအသင်းနှင့် အုပ်စု(ခ) ပထမနှင့် အုပ်စု(က) ဒုတိယ ရရှိသောအသင်းတို့က အကြိုဗိုလ်လုပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အကြိုဗိုလ်လုပွဲစဉ်ယှဉ်ပြိုင်၍ အနိုင်ရရှိမည့်အသင်းများက ဇန်နဝါရီ(၃)ရက်နေ့တွင် ဗိုလ်လုပွဲတို့ တက်ရောက်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)