ဗိုလ်တထောင် ဒီဇင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ် မဲပေးစက်ဖြင့်မဲပေးခြင်း အသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ၄-၁၂-၂၀၂၃ ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ၊ ခရိုင်(၄)ခုရှိ မြို့နယ်(၄)မြို့တို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဉ်အား တစ်ပြိုင်တည်းဆောင်ရွက်လျက် ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဗိုလ်တထောင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဒုတိယအဖြစ် ယမန်နေ့ (၂၉-၁၂-၂၀၂၄)ရက်နေ့ (၁၀:၀၀)နာရီ အချိန်မှ (၁၅:၀၀) နာရီအချိန်အထိ ဗိုလ်တထောင်မြို့နယ် အမှတ်(၁၀) ရပ်ကွက်၊ အ.ထ.က(၆)ကျောင်း၊ အောင်ကျော်ခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဗိုလ်တထောင်မြို့နယ်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်၊ အမှတ်(၉)ရပ်ကွက်၊ အမှတ်(၁၀)ရပ်ကွက်၊ ဆိပ်ကမ်းမိသားစုရိပ်သာရပ်ကွက်တို့မှ မဲဆန္ဒရှင်ပြည်သူ(၂၇၀)ဦး၊ စုစုပေါင်းမဲဆန္ဒရှင်ပြည်သူ(၄၀၅)ဦး တက်ရောက်ကာ လက်တွေ့စမ်းသပ်မဲပေးလေ့လာခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများက ရှင်းလင်းပြသ ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ခင်ဝင်း