သတင်းများ

မော်လိုက်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုပြိုင်ပွဲများကျင်းပ
Dec 30,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကျောင်းသား/ကျောင်းသူများ စာဖတ်စွမ်းရည်များ တိုးတက်မြှင့်မား၍ အသိပညာများ၊ ဗဟုသုတများတိုးပွားလာစေရန်နှင့်လွတ်လပ်လပ်ရေးနေ့ သမိုင်းကြောင်းများကို မမေ့လျော့ကြစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူးပြီး ပညာရေးဌာနှင့်ပူးပေါင်းကျင်းပသော စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က ပြန်/ဆက်ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ပင်စင်လာရောက်ထုတ်ယူကြသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ဆန်၊ ဆီနှင့် ကြက်ဥများ သွားရောက်ထောက်ပံ့ပေးအပ်
Dec 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဆန်၊ ဆီနှင့် ကြက်ဥများ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း(ပြည်နယ်အဆင့်)ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Dec 30,2023
၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ပညာရေးမှူးရုံးမှကြီးမှူးပြီး ကျောင်းသား/ကျောင်းသူများ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာရသည့် ဗဟုသုတများကိုသိရှိနားလည်စေရန်နှင့် ဉာဏ်ပညာစွမ်းရည်၊ နှုတ်မှုစွမ်းရည်၊ သရုပ်ဖော်စွမ်းရည်များ ရရှိစေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း(ပြည်နယ်အဆင့်) ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ရတနာမွန်ခန်းမ၌ ကျင်းပသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဒီဇင်ဘာလူထုအားကစားလ နောက်ဆုံးပတ် စုပေါင်းလမ်းလျှောက်ပွဲနှင့် ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲယှဉ်ပြိုင်နေမှု ကြည့်ရှုအားပေး
Dec 30,2023
လူထုအားကစားလှုပ်ရှား ဆောင်ရွက်မှုတွင် ငွေကုန်ကျမှု အနည်းဆုံးဖြစ်ပြီး အသက်အရွယ်မရွေး စုပေါင်းလေ့ကျင့်နိုင်သည့် ကိုယ်လက်လှုပ်ရှား အားကစားဖြစ်သည့်စုပေါင်း လမ်းလျှောက်ခြင်းသည် အ‌ထောက်အကူပြုပစ္စည်းများ မပါဝင်သော အားကစား လှုပ်ရှားမှုတစ်ရပ်ဖြစ်သည်နှင့် အညီ ဒီဇင်ဘာ ၃၀ ရက်နေ့၊ နံနက်ပိုင်းက ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြု သားဖွားသင်တန်းကျောင်း၊ အားကစားနှင့်ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း (မော်လမြိုင်)၊ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ အားကစားလိုက်စားသူ အများပြည်သူများ အင်အား (၁၃၀၀)ကျော်သည် မော်လမြိုင်မြို့ ရာမညအားကစားကွင်းအတွင်း တပျော်တပါး စုပေါင်းလမ်းလျှောက်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
တာချီလိတ်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကိုယ့်အားကိုယ်ကိုးလမ်းများဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 30,2023
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မြို့တွင်းလမ်း(၇)လမ်း၊ တံတား(၁)စင်းနှင့် လွယ်စီတုံလမ်းတို့အား ပြည်သူများလှူဒါန်းမှုဖြင့် ကိုယ့်အားကိုယ်ကိုးဆောင်ရွက်ခဲ့သော လမ်းသစ်များဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက် ဘိုးဘွားရိပ်သာလမ်းမုဒ်ဦး၌ ကျင်းပသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်္ဂလိပ်စာစကားပြောစွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Dec 30,2023
မန္တလေးတိုင်းဒေသကြီး၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်္ဂလိပ်စာစကားပြောစွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကာလိမြို့၌ ယာယီနေရပ်စွန့်ခွာသူပြည်သူများအား စားသောက်ကုန်များထောက်ပံ့ပေးအပ်
Dec 30,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ယာယီနေရပ်စွန့်ခွာသူ ပြည်သူများအား စာသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ကာလိမြို့ တင်းလီစျေးဆိုင်ခန်းများတွင် ပြုလုပ်ခဲ့သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းသောဆန်အိတ်များကို ရသေ့တောင်မြို့ သံဃာ‌တော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်း
Dec 30,2023
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းသောဆန်အိတ်များကို ရသေ့တောင်မြို့ရှိ ဆရာတော်အရှင်သူမြတ်များအား လှူဒါန်းပွဲကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယာယီအစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။