ကွန်ပျူတာတက္ကသိုလ်(မအူပင်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

မအူပင် ဒီဇင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ ကွန်ပျူတာတက္ကသိုလ်(မအူပင်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်စုဝေးခန်မတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကွန်ပျူတာတက္ကသိုလ်(မအူပင်) တက္ကသိုလ်သီချင်းသီဆို၍ အခမ်းအနား ဖွင့်လှစ်ပြီး (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်သည့် ကျောင်းသား/ ကျောင်းသူများအား ပညာရည်ချွန်ဆုများ‌ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ပါမောက္ခချုပ်မှ မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်၍ ပဉ္စမနှစ်ကွန်ပျူတာသိပ္ပံသင်တန်းကျောင်းသူတစ်ဦးမှ မောင်ငယ်၊ ညီမငယ်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့် နည်းပညာသင်တန်း ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊  ဆရာ၊ ဆရာမများ၊  ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက အကအလှများ၊ တေးသရုပ်ဖော်များ၊ သီချင်းများ၊ မြန်မာ့ယဉ်ကျေးမှု အငြိမ့်များဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)