သတင်းများ

ပေါင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 23,2023
လူငယ်များမူးယစ်ဆေးဝါး၏ ဆိုးကျိုးကို သိရှိရှောင်ရှားနိုင်စေရန်အတွက် ကျောင်းသား လူငယ်များထံသို့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ လူငယ်နှင့်မူးယစ်ဆေးအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Jun 23,2023
၂၀၂၃ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို "လူငယ်နှင့်မူးယစ်ဆေး" အကြောင်း အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ကျိုက်ထိုမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ (အခမဲ့)ဖြန့်ဝေ
Jun 23,2023
မွန်ပြည်နယ် ကျိုက်ထိုမြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည် ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီတွင်ကျိုက်ထိုမြို့ အခြေခံ ပညာအထက်တန်းကျောင်းများသို့ သွားရောက် ၍‌ ကျောင်းသား/သူများအား(အခမဲ့)ဖြန့်ဝေပေးခဲ့သည်။
ဖြူးမြို့နယ်တွင် မွေးမြူရေးသမားများအတွက်အကျိုးရှိစေမည့် တိရစ္ဆာန်အစာပင် နေပီယာမြက် စိုက်ပျိုးခြင်း သရုပ်ပြသပေး
Jun 23,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၃-ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်ဖြင့် နေပီယာမြက်စိုက်ပျိုးသရုပ်ပြခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က ဖြူးမြို့နယ်၊ မင်းဂံရိုးကျေးရွာအုပ်စု၊ ဒိုင်းတရာ(မြောက်)ကျေးရွာ တောင်သူ ဦးတင်ငွေ၏ ခြံမြေတစ်ဧက၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်ဈေးရောင်းပွဲတော်အား ပဲခူးမြို့တွင် ကျင်းပ
Jun 23,2023
မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်လည်းကောင်း ပြည်သူများ စာအုပ်၊စာပေ နှင့် လက်လှမ်းတမီရှိစေရေး၊ ပြည်သူများစာအုပ်၊ စာပေနှင့် ရင်းနှီးထိတွေ့ပြီး စာပေများဖတ်ရှု့သည့် အလေ့အထကောင်းများဖြစ်ပေါ်ရေး၊ စာဖတ်ဝါသနာပါသူများအား မိမိတို့နှစ်သက်ရာစာပေများကို အလွယ်တကူရှာဖွေ ဝယ်ယူဖတ်ရှုနိုင်ရေး၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်ချက်တို့ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းစီစဉ်သည့် စာအုပ်ဈေးရောင်းပွဲတော်ကို ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
သာ​ကေတမြို့နယ်တွင် မိုင်းအသိ၊ မိုင်းသတိအသိပညာပေး ဟောပြောပွဲကျင်းပ
Jun 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အမှတ်(၂)နည်းဗျူဟာ၊အမှတ်(၅)လေကြောင်းရန် စက်ယန္တရား တပ်ရင်းမှ မိုင်းအသိ၊ မိုင်းသတိ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်‌။
ပုဇွန်တောင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 23,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းသား/ ကျောင်းသူလေးများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
တံတားမြို့၌ ကျောင်းသားကျောင်းသူများအား အသိပညာပြန့်ပွားရေးအတွက် နည်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Jun 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန်က တံတားမြို့အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ နှင့်အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။