သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် မုန်တိုင်းဘေးဒဏ်ခံခဲ့ရသော ဌာနဆိုင်ရာများနှင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်
Jun 24,2023
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည်  မုန်တိုင်းဘေးဒဏ်ခံခဲ့ရသော ဌာနဆိုင်ရာများနှင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့ နေ့လယ် ၁ နာရီအချိန် သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် သွေးလွန်တုပ်ကွေး‌ရောဂါကာကွယ်နှိမ်နင်းရေး ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၊ မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပ‌‌ရေး စုပေါင်းသန့်ရှင်း‌ရေးဆောင်ရွက်
Jun 24,2023
ကချင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် သွေးလွန်တုပ်ကွေး‌ရောဂါကာကွယ်နှိမ်နင်းရေး ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ‌‌ပြောကြားသည်။
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် ဒေသအတွင်းရှိ ရေလုပ်ငန်းရှင်များနှင့်တွေ့ဆုံ
Jun 24,2023
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည်  မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်  ဒေသအတွင်းရှိ ရေလုပ်ငန်းရှင်များအား တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်း ကြီးကြပ်မှုကော်မတီ အစည်းအဝေးကျင်းပ
Jun 24,2023
သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း အောင်မြင်စွာဖွင့်လှစ်နိုင်ရေးနှင့်လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် သမဝါယမ သက်မွေးပညာသင်တန်း ကြီးကြပ်မှုကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်း ရာမညဆောင်၌ ပြုလုပ်ခဲ့သည်။
ရော်ဘာနှင့်ပတ်သက်သည့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး ရော်ဘာလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး
Jun 24,2023
ရော်ဘာနှင့်ပတ်သက်သည့်တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၂)၌ ပြည်နယ်အတွင်းရှိ ရော်ဘာလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာသူနာပြု-သားဖွားသင်တန်းကျောင်း သူနာပြုသားဖွား ဒီပလိုမာ ၂၈ ကြိမ်မြောက် သားတန်းသား/သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားတက်ရောက်
Jun 24,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာသူနာပြု-သားဖွားသင်တန်းကျောင်း၊ သူနာပြုသား ဖွားဒီပလိုမာ ၂၈ ကြိမ်မြောက် သင်တန်းသား/သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ သူနာပြု-သားဖွားသင်တန်းကျောင်းရှိ ၅ ထပ်ဆောင်ခန်းမတွင် ကျင်းပရာ
ချည်မျှင်ရှည် ဝါမျိုးစေ့များ တောင်သူများ လက်ဝယ်အရောက် သွားရောက်ဖြန့်ဖြူးပေး
Jun 23,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ လာရောက်ယူဆောင်နိုင်ခြင်းမရှိသည့် တောင်သူများအတွက် ချည်မျှင်ရှည်ဝါ မျိုးစေ့များကို ဇွန်လ ၂၁ ရက်နေ့မှ စတင်ပြီး ရာသီအချိန်မီ စိုက်ပျိုးနိုင်ရေး တောင်သူများ လက်ဝယ်အရောက် သွားရောက်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်
Jun 23,2023
မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးမှ လာမည့် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဇွန်လ ၂၁ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က ချောင်းဦးမြို့ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။