သတင်းများ

(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့တွင် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ ကျင်းပပြုလုပ်
Dec 30,2023
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ချမ်းအေးသာစံမြို့နယ်ရှိ စုပေါင်းရုံးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုအားပေး
Dec 30,2023
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ချမ်းအေးသာစံမြေမြို့နယ်ရှိ လမ်း ၃၀ စုပေါင်းရုံးဝင်းသို့ သွားရောက်ပြီး ချုံနွယ်၊ ပေါင်းမြက်များ၊ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းနေမှု၊ သစ်ပင်ကြီးများအား အလင်းဖွင့်ခြင်း ဆောင်ရွက်နေမှု၊ ရေစီးရေလာကောင်းမွန်စေရေး အမှိုက်သရိုက် မြောင်းစာများ ဆယ်ယူရှင်းလင်းနေမှု များကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် စက်ယန္တရားတို့ဖြင့် တက်ညီလက်ညီ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု အားပေးကာ လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်ပေးခဲ့သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ မန္တလေးမြို့ ရတနာပုံဥယျာဉ်တွင် လူဦးရေ (၂၀၀၀)ကျော် ပါဝင်ဆင်နွှဲ
Dec 30,2023
တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်နိုင်ရန် တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အားကစားကို လူအများ စိတ်ပါဝင်စားပြီး လေ့လာလိုက်စားခြင်းဖြင့် လူတိုင်းကျန်းမာသန်စွမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်စေရန်၊ နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် လူတစ်စုအားကစားမှ လူထုအားကစားသို့ ဟူသော ရည်မှန်းချက်ကို အထောက်အကူပြုစေရန် ရည်ရွယ်ချက်များဖြင့် နိုင်ငံတစ်ဝန်း၌ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို အပတ်စဉ် စနေနေ့တိုင်း တပျော်တပါး ပျော်ရွှင်စွာဆင်နွှဲ လျက်ရှိသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ
Dec 30,2023
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထု ကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင် ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝန်းတွင် ကျင်းပလျက်ရှိသည့်နည်းတူ မကွေးတိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို  ယနေ့နံနက် ၅ နာရီခွဲက အခြေခံပညာအလယ်တန်းကျောင်း (ရဲကျောင်း) ရှေ့၌ကျင်းပရာ စုပေါင်းလမ်း လျှောက်ပွဲသို့ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တက္ကသိုလ်/ဒီဂရီ ကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ  ပါဝင်ဆင်နွှဲကြသည်။
မင်းလှမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၃) ဆင်းပွဲကျင်းပ
Dec 30,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့် လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း (၁/၂၀၂၃) ဆင်းပွဲ အခမ်းအနား ယမန်နေ့ညနေ (၃)နာရီက ပေတောကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့တွင် မြို့နယ်သံဃာ့နာယက ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ
Dec 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မြို့နယ်သံဃာနာယကဝိနည်းဓိုရ် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၈ ရက်နေ့နံနက်ပိုင်းက ကြံခင်းမြို့ ရွှေညောင်ပင်ဘုန်းတော်ကြီးကျောင်းတိုက်အတွင်းရှိ ပညာဆီမီးဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆင်ခေါင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း RC နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်လှစ်
Dec 30,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ပညာရေးဝန်ကြီးဌာန၊ အခြေခံ ပညာဦးစီးဌာနက ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်သည့် ဆင်ခေါင်းကျွေးရွာ အခြေခံညာအထက်တန်းကျောင်း RC နှစ်ထပ်ကျောင်းဆောင်သစ် ရာနှုန်းပြည့်ဆောက်လုပ်ပြီး၍ ယခုလ ၂၈ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ကျိုက်လတ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) ကျောင်းတွင်းစာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ
Dec 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းတွင်းပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။