ကျောက်ဆည်မြို့၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ အေရိုးဗစ်နှင့် Myanmar Fitness Dance ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း အနော်ရထာအစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် (၉) နာရီခွဲက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ အားကစားလ အေရိုးဗစ်နှင့် Myanmar Fitness Dance ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အေရိုးဗစ်နှင့် Myanmar Fitness Dance ပြိုင်ပွဲများတွင် ကျောက်ဆည်နယ်အတွင်းရှိ  အခြေခံပညာ ကျောင်းများမှ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အေရိုးဗစ်ပြိုင်ပွဲတွင် ပထမဆုရရှိသော မမြတ်နိုးဝေ၊ ဒုတိယဆုရရှိခဲ့သော မအေးသူဇာသိမ့်၊ တတိယဆုရရှိခဲ့သော အလွတ်လပ်ခိုင်တို့အား မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဝေမင်းဟိန်း၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလာနှင့် မြို့နယ်အမျိုးသမီးရေးရာအသင်းအဖွဲ့ဝင် ဒေါ်ခင်မျိုးသန့်တို့က ဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီး Myanmar Fitness Dance အကပြိုင်ပွဲတွင် မထမဆု ရရှိခဲ့သော ပိတောက်အကအဖွဲ့၊ ဒုတိယဆုရရှိခဲ့သော ခရေအကအဖွဲ့နှင့် တတိယဆုရရှိခဲ့သော စံပယ်အကအဖွဲ့တို့အား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးခင်မောင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၃) ဦးအောင်ထားရွှေနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင် ဒေါ်စိုးစိုးလှိုင်တို့က  ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ဒီဇင်ဘာလူထုအားကစားလတွင် ပြည်သူများ ခန္ဓာကိုယ်နှင့်စိတ်ဓာတ်ကြံ့ခိုင်ကျန်းမာလာစေရေး၊ သက်လုံကောင်း၍ အမောခံနိုင်ရေး၊ အဆီကို လျော့ချ၍ အဝမလွန်အောင်ထိန်းနိုင်ရေး၊ ဦးနှောက်နှင့်အာရုံကြော အားကောင်း၍ ဉာဏ်ရည်ထက်မြတ်စေရေး၊ ကိုယ်ခံစွမ်းအားမြင့်တက်စေပြီး ရောဂါများ ကာကွယ်စေနိုင်ရေး၊ အကြောအချဉ်အရွတ်များ ပျော့ပြောင်းစေ၍ လူကိုဖျက်လတ်ပေါ့ပါးစေနိုင်ရေး၊ သွေးလည်ပတ်ပတ်မှု ကောင်းမွန်စေပြီး အိပ်ပျော်စားဝင်စေရေး၊ စိတ်ဖိစီးမှုလျော့နည်စေ၍ ကြည်လင်လန်းဆန်းစေရေးနှင့် ကျန်းမာကြံ့ခိုင်သော ဘဝများပိုင်ဆိုင်စေရေး ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲများနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)