သတင်းများ

ရွှေဘိုမြို့၌ ဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်ပွဲကျင်းပ
Dec 30,2023
လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊​​ ရွှေဘိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ မြင်းချင်၊​ ညောင်ကိုင်းနှင့် ပလိုင်း​ကျေးရွာ၊ ခရိုင်မီးသတ်ရုံးတို့တွင် အကြမ်းဖက် အဖွဲ့အစည်းများ၏ မိုင်း​ထောင်​ဖောက်ခွဲမှု​​ကြောင့် ဒဏ်ရာရ ပြည်သူများအား၊ ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းတွင် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး
Dec 30,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့က ရှေခင်ကျေးရွာ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏စီမံမှုဖြင့် ကြိုးတံတား တည်ဆောက်နေမှုအား တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်၌ကြက်သွန်နီစိုက်တောင်သူများအားနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှအရင်းမပျောက်မတည်ချေးငွေပေးအပ်
Dec 30,2023
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ကြက်သွန်နီစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း လီမိတက် အသင်းဝင် တောင်သူများအား အရင်းမပျောက် မတည်ချေးငွေ​ပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၈ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပေါင်းတည်မြို့နယ်၌ လက်ဆွဲကောက်စိုက်စက်ပြပွဲပြုလုပ်
Dec 30,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးအတွက် လယ်ယာထွက်ကုန်တိုးတက်မြင့်မားရေးကို အထောက်အကူပြုမည့် Agro Future Myanmar လက်ဆွဲကောက်စိုက်စက်ပြပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သည်။
လှည်းကူးမြို့နယ်တွင်အစေ့ချကိရိယာ(Seeder)ဖြင့်နွေစပါးလက်တွေ့စိုက်ပျိုးပြသ
Dec 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ဒီဇင်ဘာလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက အစေ့ချကိရိယာ (Seeder)ဖြင့် နွေစပါးလက်တွေ့ စိုက်ပျိုးပြသပေးခြင်းကို နန္တိကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာရှိ ကွင်းအမှတ် (၉၅၉-ခ)၊ ဦးပိုင်(၉/င) တောင်သူ ဦးသန့်ဇင်လင်း၏ နွေစပါးစိုက်ဧကတွင် ကျင်းပ ပြုလုပ်သည်။
ဒီဇင်ဘာအားကစားလ အပျော်တန်း စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Dec 30,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဒီဇင်ဘာအားကစားလ အပျော်တန်း စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ
Dec 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲအား ယနေ့နံနက် (၉)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် စတင်ကျင်းပပြုလုပ်လျက်ရှိသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်(Grade-12)သင်ရိုးသစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ခရိုင်အဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Dec 30,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်(Grade-12) သင်ရိုးသစ်တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ခရိုင်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.ကဘုတ်ပြင်းကျောင်း၊ နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။