သတင်းများ

မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (လားရှိုး) စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jun 23,2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(လားရှိုး) စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က လားရှိုးမြို့၊ ပြန်လည်ထူထောင်ရေးစခန်းတွင် ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်း ဒဏ်ခံစားခဲ့ရသည့် ဥပဒေရုံးများအတွက် သွပ်များထောက်ပံ့ပေးအပ်ခြင်းနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် ဆေးဝါးများလှူဒါန်း
Jun 23,2023
ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ဥပဒေရုံးများ ပြန်လည်ပြုပြင်ရန်သွပ်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် မုန်တိုင်းဒဏ်သင့် ဥပဒေရုံးအသီးသီးမှ ရုံးဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ထောက်ပံ့ငွေနှင့် ဆေးဝါးများလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံး၊ တော်ဝင်သဇင်ခန်းမ၌ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၊ ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဥပဒေ အကြံအဉာဏ်ပေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဥဒေအရာရှိများနှင့် ဝန်ထမ်းများတက်ရောက်ကြသည်။
မလှိုင်မြို့နယ်၊ ပြန်/ဆက်ရုံး၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာရေးစပ်ပြိုင်ပွဲကျင်းပ
Jun 23,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက် မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာရေးစပ်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ္မတူတွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းရက်သတ္တပတ်အစီအစဉ် နေပီယာမြက်စိုက်ပျိုး
Jun 23,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ မိုးရာသီ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ် နေပီယာ မြက်စိုက်ပျိုးခြင်းကို ဇွန်လ (၂၂)ရက်နေ့ နေ့လည် (၂)နာရီအချိန်က ခိုဖိတ်ကျေးရွာ တောင်သူ ဦးကျော်စိန်၏ ယာမြေ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ
Jun 23,2023
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုး သူများ ( Book Club )အဖွဲ့နှင့် ပူးပေါင်းပြီး ဇွန် ၂၂ ရက် ၊ မွန်းလွဲ ၂ နာရီက မြို့နယ်ရုံးရှိ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ ( Talk Show ) ကျင်းပပြုလုပ်ခဲ့သည်။
ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၂၁၆ ဦး မြဝတီ အမှတ် (၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့် ဆက်လက်ဝင်ရောက်
Jun 23,2023
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည် ကြိုဆိုလက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက် ပေးလျက်ရှိရာ ဇွန်လ ၂၁ ရက်နေ့က ၂၁၆ ဦး ဆက်လက် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် မြန်မာနိုင်ငံအတက်ရောဂါစီမံချက်အကြောင်း အသိပေးညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Jun 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင် မြန်မာနိုင်ငံအတက်ရောဂါ စီမံချက်အကြောင်း အသိပေးညှိနှိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
နမ့်ခမ်းမြို့တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီ တိရစ္ဆာန်အစာပင် နေပီယာမြက်စိုက်ပျိုးခြင်းနှင့် ပျိုးပင်များဖြန့်ဝေပေးခြင်း ဆောင်ရွက်
Jun 23,2023
၂၀၂၃ ခုနှစ်၊ မိုးရာသီ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်အရ တိရစ္ဆာန်များအတွက် အစာပင်ဖြစ်သော နေပီယာမြက်စိုက်ပျိုးခြင်းနှင့် ပျိုးပင်များဖြန့်ဝေခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ မန့်ဟောင်းကျေးရွာအုပ်စု၊ ဟိုဆိုင် ကျေးရွာတွင် ယနေ့နံနက် (၉) နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။