သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေး ဆိုင်းလေကြိုးတံတားဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Dec 30,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဆိုင်းလေကြိုးတံတားဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ဆိုင်လေကျေးရွာအနီး အဆိုပါကြိုးတံတားရှေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 30,2023
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများလုပ်ငန်း ညှိနှိုင်း အစည်းအဝေး (၆/၂၀၂၃) ကို ယမန်နေ့နေ့လယ်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ကျင်းပ
Dec 30,2023
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ကျပန်းစကား ပြောပြိုင်ပွဲတို့တွင် ဆုရရှိခဲ့ကြသူများသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ပင်မဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ အုန်းတောကမ်းကျေးရွာအုပ်စုအတွင်းရှိ တိုင်းဒေသကြီးအစိုးရခွင့်ပြုငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Dec 30,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် အုန်းတောကမ်းကျေးရွာအုပ်စု ကွင်းအမှတ်-၆၁၂(က)၊ (၁၁၁)ဧက၊ ၆၁၂(ခ) (၄၂)ဧကတွင် မိုးစပါးများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ရေငံတားတာ(လယ်သမားတာ)(၁၂၀၀၀)ပေ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ယမန်နေ့က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မိုးညိုမြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဆင်းပွဲပြုလုပ်
Dec 30,2023
အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဆောင်းရာသီတံခွန်စိုက် ရိုးရာခြင်းလုံးခတ် ဗိုလ်လုပွဲ ပြိုင်ပွဲများ ကျင်းပ
Dec 30,2023
၂၀၂၃ ခုနှစ် တတိယအကြိမ်မြောက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဆောင်းရာသီ တံခွန်စိုက် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဗိုလ်လုပွဲပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၃နာရီက ရန်ကုန်တိုင်း‌ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားရုံ(၁) သု၀ဏ္ဏ၌ ကျင်းပသည်။
ဝါးခယ်မမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် အာဟာရဒါန ကျွေးမွေးခြင်းလုပ်ငန်းများဆောင်ရွက်
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်ခြင်းနှင့် အာဟာရဒါန ကျွေးမွေးခြင်းများကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြန်မာ့ စီးပွားရေးဘဏ်၌ ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။
ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲ  ကျင်းပပြုလုပ်
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များ လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားတက်စေရန်နှင့်  လွတ်လပ်ရေး၏ အဓိပ္ပာယ်ကို သိရှိနားလည်စေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  ကျပန်းစကားပြော ပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အ‌ခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။