မိုင်းယုမြို့ရှိ  အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများသို့  ကွင်းဆင်းကြည့်ရှု အားပေး

မိုင်းယု ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိဌာနဆိုင်ရာများသည် ယမန်နေ့က မိုင်းယုမြို့ရှိ မြို့မရပ်ကွက် အ..ကကျောင်း စာသင်ဝိုင်းနှင့် နယ်ခြားစောင့်တပ် စာသင်ဝိုင်းများသို့ ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုရာတွင် စာသင်ဝိုင်းများ၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် မြန်မာစာ၊ မြန်မာ စကားနှင့် ဂဏန်းသင်္ချာများ သင်ကြားပြသနေသည့် အခြေအနေများနှင့် စာသင်သားများကို အားပေးစကားများ ပြောကြားကာ အ..က(ကျောင်း)စာသင်ဝိုင်းရှိ စာသင်သားများအတွက် ကော်ဖီထုတ်များကိုလည်းကောင်း၊ နယ်ခြားစောင့်တပ် စာသင်ဝိုင်းအတွက် လိုအပ်သော White Board တစ်ချပ်ကိုလည်းကောင်း ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ထောက်ပံ့ပေးအပ် ခဲ့ကြသည်။

မိုင်းယောင်းခရိုင်တွင် ၂၀၂၃ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ဒီဇင်ဘာလ ၂၀ ရက်မှစတင်၍ စာသင်ဝိုင်း(၄၃)ဖြင့် ရက်ပေါင်း(၄၀)ကြာ ဖွင့်လှစ်သင်ကြား​ပေးလျက်ရှိကြောင်း  သိရသည်။

အားချာ