သရက်မြို့၌ ဥပ္ပတသန္တိပါဋိတော်အသံမစဲရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနား ကျင်းပ

သရက် ဒီဇင်ဘာ ၃၀

မကွေးတိုင်းဒေသကြီးသရက်မြို့၌ ဥပ္ပတသန္တိပါဋိတော်အသံမစဲ ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ အခမ်းအနားကျင်းပခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီက မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် နမောတသ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ကြပြီး မြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မြခဲတောင်ကျောင်းဆရာတော် ဘဒ္ဒန္တသီလဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ သံဃာတော်များအား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက နဝကမ္မအလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ကိုးပင်ကျောင်းဆရာတော် ဘဒ္ဒန္တစန္တိမာက ဦးဆောင်၍ ခင်ပွန်းကြီး(၁၀)ပါး ကန်တာ့ကြပြီး မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌမြခဲတောင်ကျောင်းဆရာတော် ဘဒ္ဒန္တသီလဝံသထံမှ သီလများ ဆောက်တည်ကာ လှူဒါန်းမှု အစုစုအတွက်  ရေစက်သွန်းချ အမျှဝေခဲ့ကြကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ဆုတောင်၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)