သတင်းများ

၂၀၂၃ -၂၀၂၄ ပညာသင်နှစ် (Grade-12) သင်ရိုးသစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ခရိုင်အဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်း
Dec 31,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade-12) သင်ရိုးသစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ခရိုင်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ဧရာမင်းမိုးစပါး စံပြကွက်စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကျင်းပ
Dec 31,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧရာမင်းမိုးစပါး စံပြကွက်စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာတောင်သူ ဒေါ်မာမာစန်း၏ ကွင်းအမှတ်(၇၉၀)ရှိ မိုးစပါးစံပြကွက်စိုက်ခင်းတွင် ကျင်းပခဲ့သည်။
ခရမ်းမြို့နယ်တွင် ၂၀၂၃-ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ပဉ္စမပတ်ဆောင်ရွက်
Dec 31,2023
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် ယမန်နေ့နံနက် (၅)နာရီအချိန်က ၂၀၂၃-ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ပဉ္စမပတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းမြို့တွင် ဒီဇင်ဘာအားကစားလ ပဉ္စမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Dec 31,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ယမန်နေ့ နံနက် ၆ နာရီခွဲက ဒီဇင်ဘာအားကစားလ ပဉ္စမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကိုကျင်းပရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ စုစုပေါင်းအင်အား ၁၁၅၀ ဦးခန့်က တပျော်တပါး စုပေါင်းလမ်းလျှောက်ကြသည်။
ကျောက်ဆည်မြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အခြေခံဓာတ်ခွဲနည်းပညာ သင်တန်းဆင်းပွဲကျင်းပ
Dec 31,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ဇီဝနည်းပညာသုတေသနဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ(၁)နာရီက ဇီဝနည်းပညာ သုတေသနဦးစီးဌာန အစည်းအဝေးခန်းမတွင် ဓာတ်ခွဲသုတေသနဆောင်ရွက်ရန် နမူနာပစ္စည်းများတိကျစွာ စနစ်တကျကောက်ယူနိုင်ရေး၊ ရေ၊မြေနှင့်လေထုအရည်အသွေး တိုင်းတာစစ်ဆေးမှုဆိုင်ရာ လက်တွေ့နယ်ပယ်တွင် အတတ်ပညာနှင့်အတွေ့အကြုံများ မြှင့်တင်ပေးနိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးစေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အခြခံဓာတ်ခွဲနည်းပညာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Dec 30,2023
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒီဇင်ဘာလူထုအားကစားလ (ပဉ္စမပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ
Dec 30,2023
၂၀၂၃ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ နောက်ဆုံးပတ်(ပဉ္စမပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၅ နာရီခွဲ ခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိလမ်း၊ ဝန်ကြီးများအိမ်ရာရှေ့၌ စုရပ်ပြုလုပ်၍ ကျင်းပသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဥတ္တရသီရိမြို့နယ်အတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 30,2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် (ခုတင်- ၅၀) ပြည့်သူ့ဆေးရုံ အတွင်းအပြင်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အဖွဲ့များ၊ ကျန်းမာ​ရေးဝန်ထမ်းများ၊ သူနာပြုများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များက သစ်ပင်များ၊ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းစသည့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကိုတာဝန်ရှိသူများအား မှာကြားသည်။