မင်းတပ်မြို့၌ ပင်စင်ခံစားလျက်ရှိသည့် ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

မင်းတပ် ဒီဇင်ဘာ ၃၀

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မင်းတပ်မြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် သက်ပြည့်/နှစ်ပြည့် ပင်စင်ခံစားလျက်ရှိသည် ပင်စင်စားများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားနှင့် ၎င်းပင်စင်စားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

အခမ်းအနားတွင် မင်းတပ်မြို့နယ်အတွင်းရှိ သက်ပြည့်/နှစ်ပြည့် ပင်စင်ခံစားလျက်ရှိသည့် ဝန်ထမ်း (၁၃၄) ဦးအား တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းခွဲနှုန်းဖြင့် ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ပေးအပ်ခဲ့ပြီး  ၎င်းပင်စင်ခံစားလျက်ရှိသည့် ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်သည့် အနေဖြင့် သွေးတိုး၊ ဆီးချိုကာကွယ်ခြင်း၊ ကုသခြင်းနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော ရောဂါများမဖြစ်ပွားအောင် ဆေးဝါးများပေးခြင်းတို့ကို ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ယနေ့ကျင်းပသည့် အခမ်းအနားတွင် မင်းတပ်ခရိုင် စီမံအုပ်ချုပ်ရေးမှူး ဦးနေမျိုးသန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးတို့မှ ပေးအပ်ခြင်းဖြစ်ပြီး ချင်းပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် ခြင်းဖြစ်ကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)